Thursday, October 03, 2013

မည်သည့် မြေအမျိုးအစားမဆို အခွန်ပေးဆောင်ရမည်ဟုဆို


Thursday, October 3, 2013


ရန်ကုန် မြို့တွင်းမြို့ပြင် အခွန်စံနှုန်း သတ်မှတ်ချက်များအရ မည်သည့် မြေအမျိုးအစားမဆို အခွန်ပေးေ ဆာင်ရမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော် က The Voice သို့ ပြောကြားသည်။ အရောင်းအဝယ်စာချုပ် ချုပ်သည်နှင့် အခွန်ဆောင်ရမည် ဖြစ်သည့်အတွက် အခွန်ေ ရှာင်လျှင်လည်း အခိုက်အတန့်သာရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ အခွန်နှုန်းထား သတ်မှတ်ခြင်းတွင် ဘိုးဘွားပိုင်မြေနှင့် ပါမစ်မြေများကို အခွန်နှုန်းထား သတ်မှတ်ချက် မရှိသည့်အတွက် ဝယ်လက်များက အ ခွန်ဆောင်ရမည့် ဂရန်မြေများအစား ယင်းမြေများ အရောင်းအဝယ် လိုက်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးေ ဆာင်များထံမှ သိရသည်။ 

“ဘိုးဘွားပိုင်မြေကတော့ အရောင်းအဝယ်လုပ်ရင် အခွန်ဆောင်ရမှာပဲ။ မှန်ကန်မှုရှိတယ် ဆိုရင်တော့ နား လည်မှုနဲ့တော့ လုပ်နေကြတာပဲ။ ပါမစ်မြေကတော့ နှစ် ၆၀ ဂရန်ပြောင်းမှ အခွန်ဆောင်ရတာပါ။ ဒါကြော င့်မို့လို့ အရောင်းအဝယ် ဖြစ်တာပါ” ဟု အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနေမျိုးအောင် က ပြောကြားသည်။ အခွန်နှုန်းထား ကောက်ခံမှုတွင် ၃၀ ရာခိုင်နှုန်းမှာ ၀င်ငွေခွန်အဖြစ် ပေးဆောင်ရမည် ဖြစ်၍ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့တွင်သာ တံဆိပ်ခေါင်းခွန် ၇ ရာခိုင်နှုန်း ပေးဆောင်ရ မည်ဖြ စ်ပြီး ကျန်ပြည်နယ်နှင့် တိုင်းများတွင် တံဆိပ်ခေါင်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း ပြည် တွင်း အခွန်များဦးစီးဌာနထံမှ သိရသည်။ ယခုဘဏ္ဍာနှစ် သုံးလပတ်ကာလ အတွင်း (ဧပြီလမှ ဇွန်လ) တွင် အိမ်၊ ခြံ၊ မြေ ဝယ်ယူ ရောင်းချမှုအပေါ်မှ အခွန်ကောက်ခံ ရရှိမှုမှာ ကျပ် ၁၀ ဒသမ ၆၇ ဘီလီယံ ရှိကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

 The Voice Weekly

No comments: