Wednesday, October 2, 2013
အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေး အငြင်းပွားမှုများ
ဖြစ်ပေါ်နေချိန်တွင် အခြေခံ ဥ ပဒေ ပြောင်းလဲရေးနှင့် ပတ်သက်၍ လွှတ်တော် လမ်းကြောင်းအတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား
သည်။
သြဂုတ်လ ၁ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ပထမနေ့ ပြီးဆုံးချိန်တွင် သတ င်းမီဒီယာများနှင့် သီးသန့် တွေ့ဆုံစဉ် ၄င်းက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
အခြေခံဥပဒေကို စ၊ လယ်၊ ဆုံး ပြင်ဆင်ရန် ရည်ရွယ်ခဲ့ပြီး တိုင်းရင်းသား ပါတီများနှင့် ဆွေးနွေးချက်အရ ပြ င်ချင်သူနှင့် အသစ်ပြန်လည် ရေးဆွဲ
လိုသူများ ရှိနေသဖြင့် လူထုသဘောထား ရယူပြီး ပြည်ထောင်စုလွှတ် တော်
က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီထံ တင်သွ င်းသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်း
စုကြည်က ရှင်းပြသည်။
လူထုသဘောထား ရယူမည် ဆိုသည်မှာ ဆန္ဒမဲကောက်ခံခြင်းကို မဆိုလိုကြောင်း NLD ပါတီက တိုင်းရင်းသားဒေသများနှင့် မြို့နယ်များတွင် အော က်ခြေလူထု နှင့် ထိတွေ့ကာ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုကာ သဘောထား တောင်းရုံ မျှသာ
ဖြစ်ကြောင်း ၄င်းက ထပ်လောင်းရှင်းပြသည်။"ဒါကော်မတီရဲ့ အလုပ်
ဆိုတာ လက်ခံတယ်။
လွှတ်တော်ကတစ်ဆင့် လုပ်တာဟာ ဒီမိုကရေစီနည်း အကျဆုံးပေါ့" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသ ည်။
အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်လမ်းကြောင်း မှနေ၍ ပြင်
သင့် ပြင်ထိုက်သည်များကို ပြင် ဆင်ပြီး၊ အခက်အခဲ အချို့ကို လူထုသဘောထား နှင့်အညီ ဒီမိုကရေစီ နည်းကျကျ ဆောင်ရွက်ခြင်းကို လ က်ခံကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက မှတ် ချက်ပြုသည်။
"ဥက္ကဋ္ဌ (ဒေါ်အောင်ဆန်းစုကြည်) ပြောတာပြတ်ပါတယ်။ ပွင့်ပွင့်လင်း
လင်း ပြောတာ ကြိုက် ပါတယ်" ဟု ၄င်းကဆိုသည်။ NLD က အခြေခံ
ဥပဒေ ပြင်ဆင်ရေး လမ်းကြောင်းကို ပြတ်ပြတ်သားသား ထုတ်ဖော်
ပြောကြားသည်ကို ကြိုဆိုကြောင်း၊ သို့သော် လူထုသဘောထား ကောက်
ခံမည် ဆိုရာတွင် သ န်းခြောက်ဆယ်သော ပြည်သူထံမှ မည်သို့
ကောက်ခံမည်ကို နားမလည်နိုင်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား
သည်။
အခြေခံဥပဒေ ပြောင်းလဲရေးနှင့် ပတ်သက်သည့် လူထုသဘောထားမှာ လွှတ်တော်ကော်မတီ အပေါ် သြ ဇာ သက်ရောက်မည်ဟု ယုံကြည်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးတွင် တပ်မတော်သား ၂ ၅ ရာခိုင်နှုန်းနှင့်
အာဏာရ ကြံ့ခိုင်ရေးပါတီက လိုလားမှုရှိ မရှိကို ယခုအချိန်တွင် ကောက်
ချက်ချရန် စော နေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြော
ကြားသည်။
အခြေခံဥပဒေ ပြင်ဆင်ပြုပြင်ေ ပြာင်းလဲရေးအတွက် အသစ်ပြန်လည် ရေး
ဆွဲရေး နည်းလမ်းထက် လွှတ်တော်က ချထားပေးသော အခြေ ခံဥပဒေပြင်
ဆင်ရေး နည်းလမ်းကို ဆောင်ရွက်မှသာ လက်တွေ့ကျသော နိုင်ငံရေး လုပ်ဆောင်ချက် တစ် ရပ်ဖြစ်မည်ဟု ကရင်အမျိုးသား အစည်း အရုံး KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းေ မာင်က ပြောဆို
ထားသည်။
အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲပါက တပ်မတော်နှင့် ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်ကြောင်း နိုင်ငံ ရေး လေ့လာသုံးသပ်သူ အချို့ကပြောဆို
သည်။
စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ က ထုတ်ပြန်သော
ကြေညာချက်တွင် အေ ခြခံဥပဒေ ပြင်ဆင်ခြင်းနှင့် အသစ် ပြန်လည်
ရေးဆွဲရေးအတွက် ပြည်သူ့ဆန္ဒ ကောက်ခံမည်ဖြစ်ကြောင်းေ ဖ်ာပြပါရှိသည်။
အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် ဖွဲ့စည်းထားသော အခြေခံဥပဒေ
လေ့လာ သုံးသပ် ရေး ကော်မရှင်၏ အခြေခံ ဥပဒေ လေ့လာတွေ့ရှိချက်နှင့် သုံးသပ်ချက်များကို အောက်တိုဘာလအတွင်း ပြ ည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း အဆိုပါကော်မတီတွင် ပါဝင်သော လွှတ်တော် ကို ယ်စားလှယ်များက ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment