Wednesday, October 2, 2013
အီရန်တို့ နျူကလီးယားဗုံး ပြုလုပ်ခြင်းကို ရပ်တန့်ရန် ၎င်းတို့တစ်နိုင်ငံ
တည်းပင် ကိုင်တွယ်ရန် အသင့်ဖြစ်ေ နကြောင်း အီရန်ခေါင်းဆောင်သစ်
များနှင့် သဘောတူညီချက်ရရှိရန် ကြိုးပမ်းနေခြင်းအပေါ် သတိ ပေးသ ည့် အနေဖြင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အင်္ဂါနေ့တွင် ပြောကြားသည်။
“အီရန်နျူကလီးယားလက်နက်လုပ်မှာကို အစ္စရေးခွင့်ပြုမှာမဟုတ်ပါဘူး၊ တကယ်လို့ အဲဒီကိစ္စအတွက် အစ္စ ရေးနိုင်ငံတစ်နိုင်ငံပဲကျန်ခဲ့မယ်ဆိုရင်လည်း အစ္စရေးဟာ တစ်နိုင်ငံတည်းရပ်တည်သွားမှာပါ” ဟု ကုလသမ ဂ္ဂ ညီလာခံ
တွင် နေတန်ယာဟု ပြောကြားသည်။
အီရန်ကိုယ်စားလှယ်တို့က အီရန်နျူကလီး ယားအစီ အမံ သည် ငြိမ်းချမ်းရေး
အတွက်သာရည်ရွယ်ကြောင်း တုံ့ပြန်ပြောကြားပြီး နေတန်ယာဟုက အီရန်သမ္မတသစ် သည် “သိုးရေခြုံသောဝံပုလွေ”ဖြစ်ကြောင်း ပြော
ကြားသည်။
သမ္မတအိုဘားမားက အစ္စရေးဝန်ကြီးချုပ်နှင့် တနင်္လာနေ့က တွေ့ဆုံချိန်တွင် အင်အားကြီး အနောက်နိုင်ငံများ သည် အီရန်နှင့် သံတမန်ရေးရာကို စမ်း သပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတကာပိတ်ဆို့အရေးယူမှု များသည် အီရန်နိုင်ငံစီးပွားရေးကို ဆိုးဝါးစွာထိခိုက်နေသောကြောင့် အီရန်ခေါင်းဆောင်များသည်ပိတ်ဆို့မှုများမှ သက်သာလိုကြောင်း ရှင်း လ င်းစွာဖော်ပြပြောကြားပြီးဖြစ်ရာ အိုဘားမားက“ဒါပေမယ့် ကျွန်တော်
တို့ဟာအဲဒီဆွေးနွေးပွဲတွေကို လုံးဝရှင်းရှင်းလင်းလင်းသိရှိပြီးတော့ ပြုလုပ်
ရပါမယ်၊ လွယ်မှာတော့ မဟုတ်ဘူး၊ ပြီးတော့ အီရန်တို့လိုချင်တဲ့ ပိတ် ဆို
့အရေးယူမှုကနေသက်ညှာခွင့် ပေးနိုင်ဖို့ဆိုရင် မှန်ကန် ကောင်းမွန်ကြောင်း အတည်ပြုနိုင်မှုဟာ အမြင့် ဆုံးအဆင့်မှာရှိနေဖို့ ကျွန်တော်တို့ တကယ်ကို လိုအပ်ပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
နေတန်ယာဟုက အီရန်သမ္မတရိုဟာနီ အီရန်နိုင်ငံအမျိုးသားလုံခြုံရေးကောင်
စီဥက္ကဋ္ဌအဖြစ်တာဝ န်ယူခဲ့ သည့် ၁၉၈၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်ထိကာလများကို
လည်းထည့်သွင်းပြောကြားခဲ့သည်။
၎င်းကာလများတွင် ဖြစ်ပေါ်ခဲ့သည့် စစ်သွေးကြွတိုက်ခိုက်မှုများစွာသည် အီရန်နိုင်ငံက လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲပြစ်တင် မှု များရှိခဲ့ရာ အစ္စရေး
ဝန်ကြီးချုပ်က “အဲဒီအချိန်တုန်းက အီရန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကြံပေးတစ်ေ ယာက်ဟာ အဲဒီတိုက်ခိုက်မှုတွေအကြောင်း ဘာမှမသိဘူး
ဆိုတာ ကျွန်တော်တို့ယုံရမလား” ဟု ပြောကြား သည်။
အီရန်သမ္မတသည် လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း အီရန်နျူကလီးယား
အစီအမံများနှင့် ပတ်သက်၍ နိုင် ငံတကာမှ ဖြစ်ပေါ်နေသည့် သံသယများကို အဆုံးသတ်ရန် လများမကြာမီအတွင်းတွင်ပင် သဘောတူညီ ချက် တစ်ခုရလိုကြောင်း ပြောကြားခဲ့ပြီး အမေရိကန်သမ္မတနှင့်လည်း နှစ် သုံးဆယ်ကျော်အတွင်း ပထမဆုံး အကြိမ် အီရန်-အမေရိကန် သမိုင်းဝင်ဖုန်းအပြန်အလှန်တိုက်ရိုက်ပြောကြားခဲ့သည်။
အနောက်နိုင်ငံမှ စေ့စ ပ်ညှိနှိုင်းသူများနှင့် အီရန်ကိုယ်စားလှယ်များသည် ဂျနီဗာတွင် ပထမဆုံးအကြိမ်အဖြစ် ယခုလအတွင်း တွေ့ ဆုံကြမည်ဖြစ်
သည်။
Ref:AFP
The Myanma Age
No comments:
Post a Comment