Saturday, October 05, 2013

ဖွဲ့စည်းပုံနှင့် ပတ်သက်၍ အကြံပြုလိုသည်များကို နိုဝင်ဘာ ၁၅ ရက်မတိုင်မီ ပေးပို့နိုင်


 Saturday, 05 October 2013 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အကြံပြု လိုသည်များရှိပါက သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များမှတစ်ဆင့် လာမည့်နိုဝင်ဘာ ၁၅ ရက်မတိုင်မီ ပေးပို့နိုင်ကြောင်း ပြည်ထောင်စုလွှတ် တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကအောက်တိုဘာ ၃ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

အများပြည်သူ၏ သဘောထားကို ကျယ်ပြန့်စွာ သိရှိနိုင်ရန် အလို့ငှာ မိမိတို့ ကော်မတီသည် ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်များထံမှ ၎င်းတို့၏ လေ့လာသုံးသပ် ချက်များနှင့် အကြံပြု ချက်များကို ပြည်ထောင်စု လွှတ်တော်မှတစ်ဆင့် တောင်းခံသွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ၊ အသင်း အဖွဲ့များ၊ လူပုဂ္ဂိုလ်များထံမှ အကြံပြုချက်များကို သက်ဆိုင်ရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ ထံမှ တစ်ဆင့်လည်းကောင်း (သို့မဟုတ်) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အတွင်းရေးမှူးထံသို့ လိပ်မူ၍လည်းကောင်းပေးပို့နိုင်ကြောင်း အဆိုပါ ကော်မတီမှ သတင်းထုတ်ပြန်သည်။

အများပြည်သူ၏ သဘောထားကို ကျယ်ပြန့်စွာ သိရှိနိုင်ရန် အလို့ငှာ မိမိတို့ ကော်မတီသည် ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် များထံမှ ၎င်းတို့၏ လေ့လာသုံးသပ် ချက်များနှင့် အကြံပြုချက်များကို ပြည်ထောင်စု လွှတ်တော်မှတစ်ဆင့် တောင်းခံသွားမည်ဖြစ်ပြီး... 

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဇူလိုင် ၂၅ ရက်က အဖွဲ့ဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး သြဂုတ် ၂၃ ရက်နှင့် စက်တင်ဘာ ၃၀ ရက်တွင် အစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော်မတီအနေဖြင့် လေ့လာသုံးသပ် တွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသွားရမည် ဖြစ်သည်။

ကော်မတီ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြင်ဆင်ရမည့် အချက်များကို လေ့လာသုံးသပ်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ၀န်ကြီးချုပ်များ၊ လွှတ်တော်အတွင်း မရောက်ရှိသေးသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အပါ အ၀င် နယ်ပယ်အသီးသီးရှိ ပညာရှင်များထံမှ အကြံဉာဏ်များ ရယူခွင့်ပြုထားသည်။

အဓိကအားဖြင့် ကော်မတီဝင်များ အနေဖြင့် ပြည်သူများထံမှပါ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် ပြင်ဆင်စေလိုသော အချက်များအပေါ် အကြံဉာဏ်များ ရယူခွင့် ပြုထားသည်။

လေ့လာသုံးသပ်ရေးကော်မတီတွင် အဖွဲ့ဝင် ခုနစ်ဦးဖြင့် တတိယအများဆုံးပါဝင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအပေါ် ပြည်သူများ၏သဘောထားကို သိရှိနိုင်ရန် ရပ်ကွက်ကျေးရွာများ အထိ ဆင်းကာ အသိပညာပေးခြင်း၊ ဆန္ဒအသံများ ကောက်ယူခြင်းများပြုလုပ်ကာ အဆိုပါ ကော်မတီသို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

eleven media group

No comments: