Tuesday, October 15, 2013
ဒီနှစ် ၂၀၁၃ ခုနှစ် အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုကို အမေရိကန်နိုင်ငံက စီးပွားရေး သုတေသီတွေ ဖြစ်ကြတဲ့ Lars Peter Hansen, Eugene Fama နဲ့ Robert Shiller သုံးဦးတို့က ရရှိသွားခဲ့ပါတယ်။
သူတို့သုံးဦးကို စီးပွားရေးနဲ့ပတ်သက်တဲ့ ဈေးကွက်တွင်းကပိုင်ဆိုင်မှုတန်ဖိုးတွေကို ကြိုတင်လေ့လာ ခန့်မှန်း နိုင်တဲ့နည်းလမ်းသစ်တွေ ထုတ်ဖော်နိုင်ခဲ့တဲ့အတွက် စီးပွားရေးနိုဘယ်လ်ဆု ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
စီးပွားရေး သုတေသီနှစ်ဦးဖြစ်တဲ့ Lars Peter Hansen နဲ့ Eugene Fama တို့ဟာ Chicago တက္ကသိုလ်က ဖြစ်ကြပြီး ကတော့ Yale တက္ကသိုလ်က စီးပွားရေးသုတွေသီဖြစ်ပါတယ်။
ဒီစီးပွားရေး နိုဘယ်လ်ဆုဟာ ဆီဒင်နိုင်ငံသား သိပ္ပံပညာရှင်လည်းဖြစ် ပရဟိတအလှူရှင်လည်းဖြစ်တဲ့ Alfred Nobel ရဲ့ နှစ်ကိုယ်မူလ သေတမ်းစာမှာရေးထားခဲ့တဲ့ နိုဘယ်လ်ဆုပေးရမယ့် စာရင်းထဲမှာ မပါဝင်ပဲ ၁၉၆၈ခုနှစ်ကမှစပြီးတော့ ဆွီဒင်နိုင်ငံ ဗဟိုဘဏ်ရဲ့နှစ်သုံးရာဖြည့် ကို ကျင်းပတဲ့အနေနဲ့ ၁၉၆၉ခုနှစ်မှာ စပြီးတော့ စီးပွားရေးနိုဘယ်လ်ဆုကို စတင်ပေးခဲ့တာဖြစ်ပါတယ်။
တခြားနိုဘယ်လ်ဆုတွေကိုတော့ ၁၉၀၁ခုနှစ်ကတည်းက ပေးခဲ့တာဖြစ်ပါတယ်။
ABC

No comments:
Post a Comment