Tuesday, October 15, 2013
မန္တလေးမြို့ ကျုံးအနောက်ဘက်၊ လမ်း ၈ဝနှင့် ၁၆လမ်းထောင့်၊ အောင်မြေသာစံမြို့နယ်ရှိ ရွှေဘဲ စားသောက်ဆိုင်တောင်ဘက်တွင် ဒေသန္တရလုပ် ချိန်ကိုက်ဗုံး တစ်လုံးတွေ့ရှိသောကြောင့် ဒေသအာဏာ ပိုင်များမှ မပေါက်ကွဲမီ ရှင်းလင်းဖျက်ဆီးလိုက်ကြောင်း သိရသည်။
အောက်တိုဘာ ၁၄ရက် နေ့လယ် ၁နာရီက ရွှေဘဲစား သောက်ဆိုင်မှ အလုပ်သမားအောင်သက်ဝေက အိမ်အမှတ် (၁၉၄)အိမ်ရှင် ဦးမျိုးမြင့်နေအိမ်တိုက်၏ အနောက်ဘက်ရှိ မော်တော်ယာဉ် ရွှေ့ပြောင်းရာမှ ပိုင် ရှင်မဲ့စွန့်ပစ်ထားသည့် ကြွပ်ကြွပ် အိတ်တစ်လုံးကို မသင်္ကာဖွယ်ရာ တွေ့ရှိသောကြောင့် ရွှေဘဲစား သောက်ဆိုင်မှ ကားပါကင်အစောင့်ဝန်ထမ်းတစ်ဦးက သက်
ဆိုင်ရာသို့ ဆက်သွယ်အကြောင်း ကြားခဲ့ ရာမှ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ
တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူး
ရုံးမှအရာရှိ များနှင့် ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့သည်။
အိတ်ကိုဖွင့်ဖောက်စစ်ဆေးရာတွင် မိုင်းနှင့်အတူ စားပွဲတင်နာ ရီတစ်လုံး၊ အေအေဆိုက်အရွယ် ဓာတ်ခဲ အသေးခြောက်လုံးနှင့် လျှပ်စစ်စနက်တံတစ်ချောင်းတို့ ကို ပူးတွဲတွေ့ရသောကြောင့် ချိန်ကိုက်မိုင်းဖြစ် သည်ဟုယူဆကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ AMMUNITION TECHN-ICAL OFFICER အဖွဲ့မှ စစ်အင်ဂျင်နီယာများမှ ရှင်းလင်းဖောက် ခွဲပေးခဲ့ခြင်းဖြစ်သည်။
''အဲဒီပေါ်မှာ သဲအိတ်တွေ ဖုံးပြီးတော့မှ ဖောက်ခွဲရှင်းလင်းပစ်ခဲ့တာဖြစ်ပါတယ်။ အနီးမှာရှိတဲ့ တိုက်တွေမှာ နေထိုင်တဲ့သူတွေကိုလဲ အိမ်အပြင်ထွက်ခိုင်းခဲ့ပါတယ်။ ဖောက်ခွဲရာမှာ ဘာမှတော့ ထိခိုက်ပျက်စီးတာမရှိ
ခဲ့ဘဲအောင် မြင်စွာရှင်းလင်းနိုင်ခဲ့ပါတယ်။ အနီးအနားကိုလဲ ထပ်မံရှာဖွေခဲ့ပေမယ့် ထူးခြားမှုတစ်စုံ တစ်ရာ တော့ မတွေ့ရှိရပါဘူး''ဟု စစ်အင်ဂျင်နီယာတစ်ဦးက ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာသို့ ရှင်း ပြသည်။
အဆိုပါနေ့ ညနေ ၃နာရီတွင် ဖောက်ခွဲရှင်းလင်းပြီးနောက် ပိတ်ထားသည့် လမ်း ၈ဝပေါ် ၁၅ လမ်းမှ ၁၄ လမ်း အထိကိုလည်း ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင် အလားတူ ချိန်ကိုက်မိုင်း များ ထပ်မံတွေ့ရှိမည်ကို ပြည်သူများက စိုးရိမ်နေကြပြီး သက်ဆိုင်ရာ ဒေသအာဏာပိုင်များမှလည်း လုံခြုံရေးပိုင်း နှင့်ပတ်သက်၍ တင်းကျပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မန်းကိုကို ၊ ခွန်စိုင်းအောင်
Yangon Media Group

No comments:
Post a Comment