Tuesday , 15 , October , 2013
ရန်ကုန်၊ မန္တလေးနှင့် တောင်ငူမြို့တို့ တွင် ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှုတို့ကြောင့် ရန်ကုန်မြို့ရှိ ဟိုတယ်များ လုံခြုံရေး တိုးမြှင့်လုပ်ဆောင်ရန် သတိပေး ကြေညာချက် ထုတ်ပြန်မည် ဖြစ်ကြောင်း ဟိုတယ် လုပ်ငန်း ရှင်များအသင်း အတွင်းရေးမှူး ဦးသီဟအောင်က ပြောကြားသည်။
ဟိုတယ် လုပ်ငန်းရှင်များအသင်း အနေနှင့် လာမည့်ရက်ပိုင်းအတွင်း အစည်းအဝေး ခေါ်ယူ၍ လုံခြုံရေးအ တွက် လုပ်ဆောင်ရမည့် မှတ်ပုံတင် စစ်ဆေးမှုများ၊ အထုပ်အပိုးများကို သတိဖြင့် စစ်ဆေးမှုများ စသည်တို့ လုပ်ဆောင်ကြရန် ဟိုတယ်များကို သတိပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဟိုတယ်များတွင် ဧည့်သည်များကို မှတ်ပုံတင် မတင်ပြနိုင်ပါက လက်မခံကြရန်နှင့် မသင်္ကာဖွယ် မျက်နှာစိ မ်းများ တွေ့ရှိပါက အကြောင်းကြားရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ညွန်ကြားထားကြောင်း စမ်းချောင်းမြို့ န ယ်ရှိ ရွှေမောင်းဟိုတယ်မှ တာဝန်ခံ ဦးစောကားလစ်က ပြောဆိုသည်။
ရန်ကုန်-မန္တလေးလမ်းဟောင်း ဖြူးမြို့နယ် ဆက်သွယ်ရေးစခန်း စာတိုက်ရှေ့တွင် အောက်တိုဘာလ ၉ ရ က်နေ့ နံနက် ၉ နာရီခန့်က လိုက်ထရပ်ယာဉ်ပေါ် ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသော လက်လုပ်ဗုံး တ စ်လုံး တွေ့ရှိခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်က တောင်ငူ မြို့နယ် (၁၇) ရပ်ကွ က်ရှိ ချမ်းမြေ့ ဧည့်ရိပ်သာတွင် ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သောကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်။
ယင်းအပြင် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁ နာရီခန့်က အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ပွဲရုံနှင့် အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်းရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ညနေ ၅ နာရီ ၄၅ မိနစ်ဝန်း ကျင် တွင် သာကေတမြို့နယ် မာန်ပြေရပ်ကွက်တွင်လည်း ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းေ ဒသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment