Tuesday, October 15, 2013
မွန်ပြည်နယ် သထုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ လျှပ်စစ်ဓာတ်အား တိုးထုတ်နိုင်ရန် ကမ္ဘာ့ဘ ဏ်က အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ပေးရန် အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြန်မာ နိုင်ငံနှင့် သဘောတူလက်မှတ် ရေးထိုးလိုက်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန် ကြေညာသည်။
အောက်တိုဘာလ ၁၂ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်တွင် ကျင်းပပြုလုပ် သည့် ကမ္ဘာ့ဘဏ် နှစ်ပတ်လည် အစည်းအဝေးတွင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ချေးငွေများကို သထုံမြို့ လျှပ်စစ်ဓာတ်အားပေး စက်ရုံရှိ သက်တမ်းလွန် သဘာဝဓာတ်ငွေ့ တာဘို င်များအသစ် အစားထိုးခြင်းတွင် အသုံးပြုမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr.Kanthan Shankar က ပြောကြားသည်။
မြန်မာနိုင်ငံအတွက် လိုအပ်နေသော လျှပ်စစ်ဓာတ်အား တိုးမြှင့် ထုတ်လုပ်ရန်အတွက် အတိုးမဲ့ချေးငွေ ရခြ င်းသည် ကောင်းမွန်ပြီး အကောင်အထည်ဖော်မည့် ပုဂ္ဂိုလ်များက ထိရောက်စွာ အကောင်အထည် ဖော်သ င့်ကြောင်း စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းက ပြောကြားသည်။
“ဒီဘက်က အကောင်အထည်ဖော်တဲ့ အပိုင်းမှာ ထိထိရောက်ရောက် ဖြစ်အောင် လုပ်ရမယ်” ဟု ၎င်းကဆို သည်။
သဘာဝဓာတ်ငွေ့ တာဘိုင်များ လဲလှယ်ပြီးပါက လျှပ်စစ်ဓာတ်အား ၂၅၀ ရာခိုင်နှုန်း ပိုမိုထုတ်လုပ်နိုင်မည် ဖြစ်ပြီး လက်ရှိအခြေအနေအရ အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသားများမှာ လျှပ်စစ်ဓာတ်အား ရရှိမှုအ နည်းဆုံး ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကလည်း မကွေးတိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အား တိုးထုတ်နိုင် ရန်အ တွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၅ သန်း အတိုးမဲ့ချေးမည် ဖြစ်ကြောင်း စက်တင်ဘာလက သတင်း ထု တ်ပြန်ထားသည်။
The Voice Weekly

No comments:
Post a Comment