မန္တလေးမြို့
ရွှေဘဲစားတော်ဆက်အနီးမှာတွေ့ရှိခဲ့တဲ့ ဗုံးနဲ့ပတ်သတ်ပြီး မသင်္ကာဖွယ်ရာ
နိုင်ငံခြားသား နှစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့သတင်းရရှိပါတယ်။
မလေးရှားနိုင်ငံပတ်စပို့ ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးကို မန္တလေးတိုင်း ဒေသကြီးနဲ့ ခရိုင်ရဲတပ်ဖွဲ့တို့က တောင်သမန်အင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
နိုင်ငံခြားသားနှစ်ဦးဟာ ရွှေဘဲစားတော်ဆက် စားပွဲအမှတ် ၁၄ မှာ နောက်ဆုံးထိုင်ခဲ့သူတွေဖြစ်ပြီး အထုပ် တစ်ထုပ်ကျန်ခဲ့လို့ စားပွဲထိုးတွေက လိုက်လံပေးရာ သူတို့ပစ္စည်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သူတွေဖြစ် တယ်လို့သတင်းရရှိပါတယ်။
The Modern News Journal

No comments:
Post a Comment