Wednesday, October 30, 2013
ဆီးဂိမ်းအကြိုပြည်တွင်းသေနတ်ပစ်ပြိုင်ပွဲတွင် ဆုအများဆုံးရရှိသူများနှင့် စံချိန်ကောင်းရရှိသူများကို ဆီးဂိမ်း ပြိုင်ပွဲအတွက် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ယင်းသေနတ်ပစ်ပြိုင်ပွဲကို အောက်တိုဘာ ၂၈ ရက်မှစတင် ကာယှဉ်ပြိုင်စေလျက်ရှိနေခြင်းဖြစ်ပြီး မြန်မာ(က)အသင်း၊ (ခ) အသင်းနှင့် အားကာသိပ္ပံ အသင်းတို့ ယှဉ်ပြိုင်နေခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် သေနတ်ပစ်ကစားနည်းခြောက်မျိုးထည့် သွင်းထားပြီး အောက်တိုဘာ ၂၈ရက် ပြိုင်ပွဲရက် တွင် အမျိုးသား ပစ္စတိုပြိုင်ပွဲမှ မောင်ကြူနှင့် အမျိုးသမီး၁ဝမီတာပစ္စတိုပြိုင်ပွဲတွင် လေးဇာဇာလှိုင်မြင့်တို့မှ ပထမရရှိခဲ့သည်။
ဆက်လက်၍ အောက်တိုဘာ ၂၉ရက်တွင် အမျိုးသား ၁၀ မီတာ ဗငမပစ္စတိုပြိုင်ပွဲမှ ပထမ အားချန်၊ ဒုတိယ မိုးကျော်ကျော်၊ တတိယရဲထွန်းနောင်တို့ရရှိခဲ့ပြီး အမျိုးသားမီတာ၅၀ ဝမ်းလျား မှောက်ပြိုင်ပွဲမှ အောင်သူရ
(ပထမ)၊ ငြိမ်းမောင်(ဒုတိယ)နှင့် လင်းအောင်(တတိယ)စသည်ဖြင့် အသီးသီးရရှိခဲ့သည်။
၎င်းပြိုင်ပွဲတွင် သေနတ်ပစ် အားကစားရုံမှ စခန်းသွင်းလေ့ ကျင့်လျက်ရှိသောကစားသမား ၂၃ဦးဝင်ရောက် ယှဉ်ပြိုင်ပြီး ပြိုင်ပွဲအပြီးတွင် ဆီးဂိမ်းပြိုင်ပွဲအတွက် အမျိုးသားရှစ်ဦး၊ အမျိုးသမီးရှစ်ဦးအား ပြန်လည်ရွေး ချယ်မည်ဖြစ်သည်။
Yangon Media Group
No comments:
Post a Comment