Wednesday, October 30, 2013
တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံမှ ကျန်းမာရေးဝန်ထမ်းများသည် လွန်ခဲ့သောတနင်္လာနေ့တွင် လူနာတစ်ဦးက ဆရာဝန်သုံးဦးကို တိုက် ခိုက်ခဲ့ခြင်းအပေါ် မကျေနပ်ကြ၍ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ဆရာဝန်တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည် ဟု သိရသည်။ လီယန်အန်ကွမ် အမည်ရှိ အသက်၃၃နှစ်အရွယ် လူနာတစ်ဦးသည် အသေးစား နှာခေါင်းခွဲစိတ်ကုသမှု ခံယူခဲ့ပြီး နောက် ရရှိလာသောရလဒ်ကို မကျေမ နပ်ဖြစ်ခဲ့သည်ဟု ဆိုသည်။
၎င်းလူနာသည် ဆရာဝန် တစ်ဦးကို နား၊ နှာခေါင်းနှင့် လည်မျိုတို့ကို ဓားဖြင့် ထိုးသတ်ခဲ့ပြီး အခြားဆရာဝန် နှစ်ဦးမှာလည်း ၎င်းလူနာ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်း အထန်ရရှိခဲ့သည် ဟု သိရသည်။
Zhejiang ပြည်နယ် ဝမ်လင်ဆေးရုံရှိ ဆရာဝန်များနှင့် သူနာပြုဆရာမများသည် အဖြူကုတ်နှင့် အပြာရောင် ခွဲစိတ် မျက်နှာဖုံးများကို ဝတ်ဆင်ဆန္ဒ ပြခဲ့ကြသည်။
Yangon Media Group
No comments:
Post a Comment