Wednesday, October 30, 2013
အသက် ၁ရ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို ရဲကသေနတ်ဖြင့် ပစ်သတ်လိုက်ပြီးနောက် အကြမ်းဖက်မှု ပြန်လည်စတင်သည့်အနေဖြင့်အောက်တိုဘာ ၂၈ ရက်ညဘက် ဆော်ပေါလိုမြို့ တွင် ထရပ်ကားများနှင့် ဘတ်စ်ကားများ မီးရှို့ကာ ဆန္ဒထုတ် ဖော်စဉ် လူတစ်ဦးသေဆုံးပြီး ၉၀ ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ရဲများပြောကြားချက်အရ တချို့သော ဆူပူမှုပြုလုပ်သူများသည် လက်နက်များဖြင့် ပစ်ခတ်ခဲ့ကြပြီး ဆန္ဒပြသူ တစ်ဦးမှာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထရပ်ကားသုံးစီးနှင့် ဘတ်စ်ကားခြောက်စီး မီးရှို့ချိန် ဆူပူလှုပ်ရှားသူ ၉၀
ကို ဖမ်းဆီး ခဲ့သည်။ အစောပိုင်းက ဒေသ ဆိုင်ရာ အဝေးပြေးလမ်းမကို
ယာယီပိတ်ခဲ့သဖြင့် ဖြစ်ပွားခဲ့ သော နောက်ဆုံးအကြမ်းဖက် မှုတွင် လူငယ်ပေါင်း
၅၀၀ ပါဝင် ကြောင်းပြောရေးဆိုခွင့်ရှိသူ တစ်ဦးက င်္ဗဏ သို့ ပြောခဲ့သည်။
တခြားယာဉ်များ မီးရှို့ဖျက်ဆီး နေချိန် မော်တော်ဆိုင်ကယ်များကို
ပြန်လှည့်ရန် ရဲကစေခိုင်းပြီး နောက် ထရပ်ကားတစ်စီးပေါ် တက်နေသော
လူငယ်တစ်ဦးကို ရုပ်မြင်သံကြားတွင် ဖော်ပြချက် အရ တွေ့မြင်ရသည်။
အောက် တိုဘာ ၂၈ ဆန္ဒပြပွဲသည် ဘရာဇီးနိုင်ငံရှိ အကြီးမားဆုံးမြို့တော်တွင်
စတင်ဖြစ်ပွားခဲ့ပြီး အပြန် အလှန်ပစ်ခတ်ကြရင်း ဆယ်ကျော်သက်
တစ်ဦးသေဆုံးခဲ့သည်။လူမှုရေးဆိုင်ရာ ဆူပူမှုများသည် ၂၀၁၆ နွေရာသီအို
လံပစ်နှင့် နောက်နှစ် ကမ္ဘာ့ဖလားပွဲတာဝန်ယူကျင်းပရန် ပြင်ဆင် နေသော
ဘရာဇီးအာဏာပိုင် များအတွက် အလားအလာ မကောင်းသော သတင်းများဖြစ်ကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment