Wednesday, October 2, 2013
မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာ မိသားစုသည် ဇန်နဝါရီ ဈေးကွက်တွင် အသင်းမန်နေ ဂျာ ဒေးဗစ်မိုယက်စ်ကို ငွေကြေး အလုံးအရင်း ထောက်ပံ့ရန် အသင့်ရှိနေကြောင်း သိရှိရသည်။ အင်္ဂလန် ချ န်ပီယံ အသင်းသည် လတ်တလောတွင် မန်နေဂျာသစ် မိုယက်စ် လက်အောက်၌ ရုန်းကန်နေရပြီး ပရီးမီး ယားလိဂ် (၆)ပွဲတွင် (၇)မှတ်သာ ရရှိထားသည်။ မိုယက်စ် အနေဖြင့် နွေရာသီ ဈေးကွက်ထဲတွင် ဘယ်လ် ဂျီယံ လက်ရွေးစင် ကွင်းလယ် ကစားသမား မော်ရိုဖယ်လိုင်နီ တစ်ဦးတည်းကိုသာ အသင်းဟောင်း အဲဗာ တန်ထံမှ ခေါ်ယူနိုင်ခဲ့ပြီး ယင်းအခြေအနေသည် လုံလောက်မှု မရှိဟု ဝန်ခံခဲ့သည်။
ယခုအခါ အသင်းပိုင်ရှင် အမေရိကန် ဘီလျံနာများက မိုယက်စ်ကို ငွေကြေးအရ အထောက်အပံ့ပေးပြီး ဇန် နဝါရီ ဈေးကွက်တွင် အင်အားဖြည့်တင်းနိုင်ရန် အကူအညီ
ပေးသွားမည်ဟု သတင်းများက ဖော်ပြလျှက် ရှိ သည်။
ဂလေဇာတို့ အနေဖြင့် သက်တော်ရှည် မန်နေဂျာကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူသွား ပြီးေ နာက် ယခုနှစ် ပရီးမီးယားလိဂ်၏ အနေအထားသည် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန် အားကောင်းလာသည်ကို နား လည်ထားကြောင်းလည်း အသင်းနှင့် နီးစပ်သူများက ဆိုသည်။ မိုယက်စ်သည် နွေရာသီက ခေါ်ယူရန် အား ထုတ်မှု အဆင်မပြေခဲ့သည့် အဲဗာတန် ဘယ်နောက်ခံလူ လေတန်ဘိန်းစ်နှင့် အက်သလက်တီကို ဘီလ်ဘာ အို ကွင်းလယ် ဖန်တီးရှင် အန်ဒါဟာရဲရာတို့ကို အဓိက ဦးစားပေး ခေါ်ယူဖွယ် ရှိနေကြောင်း သိရသည်။
နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် ငွေကြေးအလုံးအရင်း သုံးစွဲထားသည့် လီဗာပူးလ်နှင့် တော့တင် ဟမ် ဟော့စပါးတို့သည် ယခုရာသီတွင် တာထွက်လှပနေသလို မီဆွတ်အိုဇေးလ်ကို စတာလင်ပေါင် (၄၂ .၅)သန်းထိ ဈေးပေး ခေါ်ယူခဲ့သည့် အာဆင်နယ်ကလည်း အမှတ်ပေးဇယားကို ဦးဆောင်နေသည့်နောက် ဂလေဇာ မိသားစုက အသင်းအတွက် အပြောင်းအရွှေ့စရိတ် မြှင့်တင်သုံးစွဲရန် လိုအပ်နေပြီကို လက်ခံထား ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Planet Myanmar Network
No comments:
Post a Comment