Wednesday, October 2, 2013
အမေရိကန် စစ်ဘက်မှ ဗိုလ်ချုပ် နှစ်ဦးအား စီမံကိုင်တွယ်ပုံ အားနည်းချက်
များကြောင့် ရာထူးမှ ဖိအားပေး နုတ်ထွက်စေခဲ့ကြောင်း သိရှိရသည်။ အမေရိကန် မရိန်းတပ်ဖွဲ့ အကြီးအကဲက အာဖဂန် နစ္စတန်ရှိ ကမ့်ဘ က်စ်တီယန် စစ်စခန်းကို တာလီဘန် တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်
မှုတွင် ကာကွယ်နိုင်မှု အားနည်းခဲ့ သည့်အတွက် တာဝန်ရှိသော ဗိုလ်ချုပ် နှစ်ဦးအား ရာထူးမှ အနားယူရန် အမိန့်ထုတ်ခဲ့သည်။
ဗိုလ်ချုပ်ကြီး ဂျိမ်းစ်အာမို့စ်က ဗိုလ်ချုပ် ချားလ်ဂွာဂါနက်စ်နှင့် ဗိုလ်ချုပ် ဂရက်ဂ်စထရူဒီဗန့်တို့ နှစ်ဦးအား (၂၀၁၂)ခုနှစ်က ဖြစ်ပွားသော တိုက်ခိုက်
မှုအတွက် လုံလောက်သော တာဝန်ယူနိုင်စွမ်း မရှိဟု ဆုံးဖြတ်ကာ စစ်တပ်မှ ထွက် ခွာစေခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စီးနင်းမှုကို ခုခံရာ၌ မရိန်းတပ်ဖွဲ့ဝင် (၂)ဦးသေဆုံးကာ အမေရိကန် စစ်သည် (၈)ဦး ဒဏ်ရာရရှိ ခဲ့ သည်။ တာလီဘန်တို့သည် မရိန်းတပ်ဖွဲ့များ အသုံးပြုသည့် Harrier ဂျက်တိုက်လေယာဉ် (၆)စင်းကို ဖော က်ခွဲဖျက်ဆီးခွင့် ရခဲ့သလို အခြားလေယာဉ် အတော်များများလည်း ဆိုးဆိုးရွားရွား ထိခိုက်မှုများ ဖြစ်ပေါ် ခဲ့ သည်။ တိုက်ခိုက်လာသူ တာလီဘန် (၁၅)ဦးအနက် (၁၄)ဦး သေဆုံးကာ (၁)ဦးကို ဖမ်းဆီးနိုင်ခဲ့ သော် လ ည်း ယင်းစစ်ဆင်ရေးတွင် အမေရိကန်တို့ ကြီးမားစွာ ရုန်းကန်ခဲ့ရသည်။ တန်ပြန်တိုက်စစ်ကို အမေရိကန် မ ရိန်းစစ်သည်များနှင့် ဗြိတိန်တော်ဝင် လေတပ်မှ တိုက်ခိုက်ရေးသမားများက ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်သည် ။
ဇွန်လတွင် ယင်းဖြစ်စဉ်ကို စုံစမ်းမှု ပြုလုပ်ရန် ဗိုလ်ချုပ်ကြီး အာမို့စ်က စတင်တောင်းဆိုခဲ့ပြီး အသေးစိတ် ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခဲ့သည်။
ထို့နောက်တွင်မူ ဗိုလ်ချုပ် နှစ်ဦးကို ရာထူးမှ နုတ်ထွက်စေရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီး အာမို့စ်က "အာဖဂန်မှာ မရိန်းတပ်ဖွဲ့ဝင်တွေ ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ကျွန်တော် သတိကြီးကြီး လေ့ လာခဲ့ပါတယ်။ မရိန်းတပ်ဖွဲ့ဝင်တွေဟာ အရေးတကြီး စုစည်းဆင်နွှဲဖို့ လိုအပ်တဲ့ တိုက်ခိုက်ရေး Mission တ စ်ခုကို လိုအပ်ခဲ့ပါတယ်။ ကျွန်တော့်တာဝန်က ကာလဒေသ အနေအထားအရ လိုအပ်တဲ့ အမိန့်ချမှ တ်မှုေ တွကို တာဝန်ယူမှု ရှိမရှိ စစ်ဆေး အရေးယူဖို့ ဖြစ်ပါ
တယ်"ဟု ပြောကြားခဲ့သည်။
လေ့လာသုံးသပ်မှုများတွင် ဗိုလ်ချုပ် ဂွာဂါနက်စ်သည် ၎င်း၏ အုပ်ချုပ်
မှုအောက်တွင် ရှိနေသော လက်နက် ခဲယမ်းများကို တာဝန်ယူရန် အားနည်းခဲ့သလို မှားယွင်းသော အဆုံးအဖြတ်များ ပြုလုပ်ခဲ့ကြောင်း ထင်ဟပ် နေစေသည်။ ထို့အပြင် ၎င်းသည် တာလီဘန်တို့ကို လျှော့တွက်
ခဲ့ကြောင်းလည်း သိရသည်။ ဗိုလ်ချုပ် စထ ရူဒီဗန့်ကမူ ထိုဒေသရှိ လေကြောင်းချီ မရိန်းတပ်ဖွဲ့ကို တာဝန်ယူထားပြီး ၎င်း၏တပ်ကို အကာအကွယ် ပေး ရာတွင် ပြည့်မီသော စီမံကိုင်တွယ်နိုင်စွမ်း မရှိခဲ့ဟု ဗိုလ်ချုပ်ကြီး အာမို့စ်က ပြောဆိုသွားသည်။ ၎င်းသည် ဗို လ်ချုပ် နှစ်ဦးလုံးကို ပင်တာဂွန် စစ်ဌာနချုပ်တွင် ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံ စကားပြောကာ ရာထူးမှ နုတ် ထွ က်ရန် တိုက်တွန်းခဲ့ခြင်းဟု သိရှိရသည်။
Planet Myanmar Network
No comments:
Post a Comment