Wednesday, October 2, 2013
ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် နိုင်ငံရေးနယ်ပယ်နှင့် ကင်းကွာပြီး လူစွန့်စား တိုက်ခိုက်ရေးသမား တစ်ဦး၏ ဘဝကို အစပြုတော့မည် ဖြစ်သည်။ သို့သော်လည်း ယင်းမှာ လက်တွေ့လောကတွင် မဟုတ်ဘဲ ကွန်ပျူတာဂိမ်း တစ်ခုထဲတွင်ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ပူတင်ကို လိုလားသဘော ကျသ ည့် ဘယ်လ်ဂျီယမ် နိုင်ငံသား ဂိမ်းရေးဆွဲသူ တစ်ဦးက You Don't Mess With Putin အမည်ရှိ ဂိမ်းတစ် ခု ကို ဖန်တီးထားပြီး ယင်းဂိမ်းထဲတွင် ပူတင်သည် ဖုတ်ကောင် Zombieများကို တိုက်ခိုက်နေသည့် အဓိက ဇာတ်ကောင်အဖြစ် ပါဝင်မည်ဟု သိရသည်။
ထိုဂိမ်းထဲတွင် ပူတင်ကို မကောင်းဆိုးရွားများနောက်လိုက်လံ နှိမ်နင်းပြီးကိုယ်ခံပညာများတတ် ကျွမ်းသူ၊ အ ပေါ်ပိုင်း ဗလာကျင်းထားပြီး မြင်းရိုင်းတစ်ကောင်ကို စီးနင်းနေသူ၊ ကျားသစ်များနှင့် ဆော့ကစားနေသူ တစ် ဦးအသွင်ဖြင့် မြင်ရမည် ဖြစ်သည်။
Halloween ကာလတစ်ဝိုက်တွင် စတင်ဖြန့်ဝေရန် ရည်ရွယ်ထားသည့် ယင်းဂိမ်းသစ်တွင် ပူတင်သည် ဟောလီးဝုဒ် ဇာတ်ကြမ်းမင်းသား ချက်နော
ရစ်ကဲ့သို့ တစ်ဦးတည်းဖြင့် ရန် သူတော် အမြောက်အမြားကို ချေမှုန်းနေ
လိမ့်မည်ဟု Varietyက ဖော်ပြခဲ့သည်။
ဂိမ်းကို ဖန်တီးသည့် မိုက်ကယ်ရော့ကိုစမိစ်က မိမိသည် Call of Duty Black Ops: Zombiesကို ကစားမိ သည့်နောက် ယခုစိတ်ကူးကို ရလာခြင်းဟု ရုရှားသတင်းဌာနက RBK Dailyသို့ ပြောကြားခဲ့ဖူးသည်။ ၎င်းသ ည် အမေရိကန် ဝရမ်းပြေး အက်ဒွပ်စနိုးဒင်းနှင့် ဆက်စပ်ပြီး Run Snowden, Run အမည်ရှိ ဂိမ်းကိုလည်း ဖန်တီးခဲ့ဖူးသည်။ စမိစ်က "ကျွန်တော်က ပူတင်ရဲ့ ပရိသတ်ပါ။ သူ့ရဲ့ ယောက်ျားဆန်ပြီး မာမာထန်ထန် ရှိ တဲ့ ပုံရိပ်ကို သဘောကျတယ်။ ဒါကြောင့် သူဟာ စူပါဟီးရိုး ဇာတ်ကောင်တစ်ဦး အနေနဲ့ အံဝင်လိမ့်မယ်"ဟု ပြောကြားသွားသည်။
Planet Myanmar Network
No comments:
Post a Comment