Wednesday, October 16, 2013
အဆိုတော် သြရသနဲ့ တွဲဖက်သီဆိုတဲ့´လက်ခုပ်နှစ်ဖက်´ သီချင်း၊´၁၅၀၀ ´သီချင်းတွေ သီဆိုအောင်မြင်ခဲ့တဲ့ အဆိုတော် စန္ဒီဟာ ဒီမနက် ၁ နာရီမှာပဲကျွန်းတောလမ်း နေအိမ်မှာ ဆုံးသွားပြီလို့သိရပါတယ်။
စန္ဒီရဲ့မိခင်က´´ သမီးလေးက အစာအိမ်ဖြစ်နေတာကြာပြီ။
နည်းနည်းလေးကောင်းလိုက်ပြန် ထလိုက်ဖြစ် နေတာ။ အဲဒီအချိန်မှာအသားဝါ
ဝင်တာနှစ်ပတ်လောက်ရှိသွာုးပြီ။ဒီမနက်တော့ ဆုံးသွားတာပါ´´လို့ ပြောပြ ပါတယ်။
စန္ဒီရဲ့ရုပ်အလောင်းကို သောကြာနေ့ ၄ နာရီ၊ ရေးဝေးသုဿန်မှာ
သဂြိုဟ်မယ်လို့သိရပါတယ်။ သူမ ဟာ၂၀၁၁ ခုနစ်က ´၁၅၀၀´ VCD
ထွက်ရှိခဲ့ပြီးဒုတိယအခွေအတွက်ပြင်ဆင်လျက်ရှိကာ သီချင်း ၈
ပုဒ်ခန့် ပြီးစီးသွားချိန်မှာပဲ ဆုံးပါးသွားတာဖြစ်ပါတယ်။
စန္ဒီရဲ့ မိသားစုနဲ့ထပ်တူ၊ပရိသတ်တွေနဲ့ထပ်တူ ၀မ်းနည်းမိပါတယ်....။
Sunday Journal

No comments:
Post a Comment