Thursday, 03 October 2013
မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန် အတွင်းရှိ Yangon Metal ခဲသန့်စင် စက်ရုံတွင် အောက်တိုဘာလ ၁ ရက်နေ့ ည ၈ နာရီခန့်က အညစ်အကြေးများ စွန့်ထုတ်သော ချော်ကန်အတွင်း ပန်းရန် အလုပ်သမား အ မျိုးသားနှစ်ဦး လဲကျ သေဆုံးခဲ့ကြောင်း မှော်ဘီမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ေ ပြာကြားသည်။
အဆိုပါ သေဆုံးသူ ပန်းရန် အလုပ်သမားနှစ်ဦးမှာ ရွှေပြည်သာမြို့နယ် တောလေးကျေး ရွာ နေ အသက် ၂၂ နှစ် အရွယ်ရှိ ကိုမြသန်းစိုးနှင့် မိုးညို မြို့နယ် သရက်ကုန်းကျေးရွာနေ အသက် ၁၄ နှစ် အ ရွယ်ရှိ မောင်ချမ်းအေးတို့ ဖြစ်ကြပြီး ယင်းနေ့ ညနေ ၃ နာရီ ၃၀ မိနစ်က ခဲသန့်စင်စက်ရုံရှိ အကျယ်လေးေ ပ၊ အနက် နှစ်ပေရှိ ချော်ကန်အတွင်းမှ အညစ်အကြေးများထုတ်ကာ ချော်ကန် အပေါက်နေရာများကို အင်္ဂ တေဖြင့် အချောကိုင်နေစဉ် ည ၈ နာရီခန့်တွင် ယင်းကဲ့သို့ ပြုတ်ကျသေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲ အရာရှိက ဆက်လက်ပြောကြားသည်။
“မနက်က ချော်ကန်ထဲ လူနှစ်ဦး သေသွားတယ် သတင်းကြားတာ။ အဲဒီစက်ရုံက တံခါးတွေ ပိတ်ထားေ တာ့ ဘယ်လိုသေတယ် ဆိုတာတော့ အတိအကျ မသိဘူး၊ အက်စစ်မွှန်လို့ သေတာလိုလို၊ ဓာတ်လိုက်လို့ပဲေ သတာလိုလို ပြောနေကြတာပဲ” ဟု မြောင်းတကာ စက်မှုဇုန်ရှိ စီမံကိန်းရုံးမှူး ဦးဘုန်းအောင်က ပြောကြား သည်။
အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ် ၃၆/၁၃ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်နေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly
No comments:
Post a Comment