Thursday, October 03, 2013

သံတွဲ၌ တည်ငြိမ်နေသော်လည်း အဖမ်းအဆီးများရှိ


Thursday, October 3, 2013
ရခိုင်ပြည်နယ် သံတွဲမြို့၌ ယနေ့တွင် အခြေအနေ တည်ငြိမ်နေပြီ ဖြစ်ကြောင်းနှင့် အဖမ်းအဆီးများ ရှိကြောင်း သိရသည်။ “တရားဥပဒေ စိုးမိုးရေးအတွက် အထူးအလေးထား လုပ်ဆောင်နေပါတယ်၊ မြို့ပေါ်ရောေ ကျးရွာတွေပါ စစ်တပ်ရော၊ သံတွဲဒေသမှာ ရှိတဲ့ ရဲတပ်ဖွဲ့တွေက လုံခြုံရေးယူထားပြီး တည်ငြိမ်အေးချမ်းဖို့ေ ဆာင်ရွက်နေကြပါတယ်”ဟု သံတွဲမြို့နယ် ရဲ တပ်ဖွဲ့မှ ရဲအရာရှိ တဦးက ဧရာဝတီ ကို ပြောသည်။ တည်ငြိမ် အေးချမ်းမှုအတွက် လုံခြုံရေးများ ဆောင်ရွက်နေသကဲ့သို့ အဖမ်းအဆီးများလည်း လုပ်ဆောင် နေကြောင်း၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ သံတွဲမြို့နယ် ဥက္ကဋ္ဌ ဦးမောင်ပု အပါအ၀င် တခြား လူ ၅ ဦးကို ယမန်နေ့ ည ၁၀ နာရီကျော်က လာရောက် ဖမ်းဆီးသွားကြောင်းပါတီ၏ ဗဟိုသို့ အကြောင်း ကြားလာကြောင်း RNDP ပါတီ၏ ပြောခွင့် ရ သူ ဦးခိုင်ပြည်စိုး က ဧရာဝတီ ကို ပြောသည်။

“ဦးမောင်ပု ကို ပြောစရာရှိတယ်ဆိုပြီး ရဲတပ်ဖွဲ့ဝင် ၂ ယောက်က လာခေါ်သွားတယ်၊ သူတို့တို ဘာကြောင့် ဖမ်းတယ်၊ ဘယ် မှာ ဖမ်းထားတယ်ဆိုတာကို ခရိုင်ရဲမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူးတွေ ဆီကို ဖုန်းဆက်မေးေ ပမယ့် သူတို့ မသိဘူးလို့ ပြောပါတယ်၊ ၂၄ နာရီ အတွင်းမှာ တစုံတခု သတင်းမရ ရင်တော့ ကျနော်တို့က ဥပဒေအရ ဆောင်ရွက်စရာ ရှိတာ လုပ်ဆောင် သွားဖို့ရှိပါ တယ်”ဟု ၎င်းက ဆိုသည်။ ဖမ်းဆီးခံ ရသူများ တွင် ဦးမောင်ပု၊ မြို့နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးမှ တာဝန်ရှိသူ ၂ ဦး၊ မြို့ခံ ၃ ဦး စသ ည် ဖြင့် စုစုပေါင်း ၆ ဦး ဖမ်းဆီး ခံထားရကြောင်း၊ ဖမ်းဆီးသူများသည် သံတွဲဒေသတွင် ဖြစ်ပွားခဲ့သည့် ပဋိ ပက္ခများနှင့်ဆက်စပ်၍ သံသယ ဖြင့် ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ဦးခိုင်ပြည်စိုးက ပြောသည်။

ထိုဖမ်းဆီးမှုနှင့်ပတ်သက်၍ မေးမြန်းရန် သက်ဆိုင်ရာ ရဲစခန်းများသို့ ဧရာဝတီ က ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။ သံတွဲမြို့ နှင့် ကျေးရွာတချို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့က စတင်ခဲ့သော ပဋိပက္ခများ ကြောင့် အိမ်ခြေ ၁၀၀ ၀န်းကျင် မီးလောင်ကျွမ်းခဲ့ပြီး၊ သေဆုံးသူ စုစုပေါင်း ၅ ဦး သေဆုံးခဲ့သည်။ သေဆုံးသူ များသည် တောင်ပေါ် သပြုချိုင် ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အတွင်း သေဆုံးသူ များဟု သိရ သည်။ စက်တင်ဘာလ ၂၈ ရက်နေ့က စတင်ခဲ့သော ပဋိပက္ခများသည် သံတွဲမြို့ပေါ်ရှိ ရပ်ကွက်တချို့နှင့်ေ ပါက်တော၊ ရွှေလှေ၊ သပြုချိုင် စသည့်ကျေးရွာများ၌ မီးရှို့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပြည်နယ်အစိုးရ အဖွဲ့မှ သက်ဆိုင်ရာ ၀န်ကြီးများလည်း သံတွဲသို့ သွားရောက် ကြီးကြပ်နေကြောင်း၊ ယမန်နေ့ကလည်း ကာ ကွယ်ေ ရး ၀န်ကြီးဌာနမှ ဒု ဗိုလ်ချုပ်ကြီး လှမင်းနှင့် သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များက နေအိမ် မီးလောင်ကျွမ်း ခံရ သည့် ဒုက္ခသည်များအတွက် စားရေရိက္ခာများကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ နေထိုင်ရေး ကိစ္စများ ကိုလည်း ပြည်နယ် အစိုးရ က ဆောင်ရွက်ပေးသွားမည်ဟု ရခိုင်ပြည်နယ် အစိုးရ၏ ပြောခွင့်ရသူ ဦးဝ င်း မြိုင်က ဧရာဝတီ ကို ပြောသည်။

 သံတွဲမြို့၌ ပုဒ်မ ၁၄၄ (ညမထွက်ရ အမိန့်) ကိုလည်း ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ထုတ်ပြန်ထား ဆဲ ဖြစ်သည်။ ယခုအခါ မြို့ပေါ်နှင့်ကျေးရွာများတွင် သံတွဲအခြေစိုက် တပ်ရင်းများနှင့် နယ်မြေခံ ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ အာဏာပိုင်များက လုံခြုံရေး တာဝန်ယူ ဆောင်ရွက်နေကြောင်း ဒေသခံများက ပြောသည်။ သံတွဲမြို့ပဋိပက္ခ ဖြစ်နေချိန်တွင် သမ္မတ ဦးသိန်းစိန်သည်လည်း ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တော စသည့်မြို့နယ်များသို့ သွားရောက်၍ ဒေသတွင်း အခြေအေ နများ ကို လေ့လာကာ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။ ဦးသိန်းစိန်သည် ယမန်နေ့ကလည်း ကျောက်ဖြူမြို့ နှင့်သံ တွဲမြို့သို့ သွားရောက်ခဲ့ကာ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် မှာသွားကြောင်းလည်း သိရသည်။

 ဧရာဝတီ

No comments: