Thursday, October 03, 2013

ကျောင်းပြင်ပ မူလတန်း ပညာရေးအတွက် ကျပ်သိန်းနှစ်ထောင်ကျော် ပုဂ္ဂလိက ထောက်ပံ့


 Thursday, 03 October 2013 
ကျောင်းပြင်ပရောက် လူငယ်များအတွက် ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) တို့ ပူးပေါင်း ဆောင် ရွက်နေသော ကျောင်းပြင်ပ မူလတန်း ပညာရေး စီမံချက်အတွက် ပုဂ္ဂလိ က လုပ်ငန်းရှင်နှင့် ပညာရေး ဖောင်ဒေးရှင်းများက မြို့နယ် ၂၉ မြို့နယ်မှ ကျောင်းပြင်ပ ကျောင်းများကို ကျပ်သိန်းနှစ်ထောင်ကျော် ထောက်ပံ့သွားရန် ရှိကြောင်း ယင်းဝန်ကြီးဌာန ကျောင်းပြင်ပ မူလတန်း ပညာ ရေး စီမံချက် မန်နေဂျာ ဦးထွန်းကြည်က The Voice သို့ ပြောကြားသည်။ ယင်းအလှူငွေများကို ယခုပ ညာသင်နှစ် အတွက် ထောက်ပံ့ပေး ထားခြင်း ဖြစ်ပြီး စာသင်ကျောင်း တစ်ကျောင်းလျှင် ကျပ် ၇၅ သိန်းစီ ပံ့ ပိုးသွားမည် ဖြစ်ကြောင်း၊ လှူဒါန်းသည့် ပုဂ္ဂလိက လုပ်ငန်းနှင့် ပညာရေး ဖောင်ဒေးရှင်းငါးခု ရှိကြောင်း ၎င်း က ထပ်လောင်းပြောဆိုသည်။

ပြင်ပအလှူရှင်များနှင့် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတို့သည် ယခုနှစ် အောက်တိုဘာ ၁ ရက်နေ့က ပ ထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ သုံးစွဲပြီး ငွေကြေးများနှင့် ဘဏ်လ က်ကျန် ငွေစာရင်းများကို ဆွေးနွေးခဲ့ကြကြောင်း ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပ မူလတန်းပညာရေး စီမံချက်က ထုတ်ပြန်ထားသည်။ ပညာရေးဝန်ကြီးဌာနနှင့် UNICEF တို့က ယခုပညာသင်နှစ်တွင် ကျောင်း ပြင်ပ ပညာရေးအတွက် အသုံးစရိတ် ပိုအသုံးပြုထားသောကြောင့် ပြင်ပအလှူရှင်များက ထောက်ပံ့ရသည့် ကျောင်း အရေအတွက် နည်းပါးသွားကြောင်း၊ ယခင်က ပြင်ပအလှူရှင်များက မြို့နယ်ပေါင်း ၄၅ မြို့နယ်မှ ကျောင်းများကို တာဝန်ယူ ပံ့ပိုးပေးထားကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေးမှ စုံစမ်းသိရှိရသည်။

 ယခုနှစ်ပြင်ပ အလှူရှင်များမှာ ဒေါ်ခင်လှလှ ဖောင်ဒေးရှင်း၊ ဧရာဝတီ ဖောင်ဒေးရှင်း၊ တော်ဝင်ဖွံ့ဖြိုးမှုေ ဖာင်ဒေးရှင်း၊ ဆူပရင်း အင်တာပရိုက်စ် လီမိတက်၊ AFXB တို့ဖြစ်ပြီး ယင်းအလှူရှင်များသည် ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ရှိ မြို့နယ် ၂၉ မြို့ နယ်တွင် လှူဒါန်းသွားရန် စီစဉ်ထားသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် ကျောင်းပြင်ပ မူလတန်းပ ညာရေး ကို၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် မြို့နယ် ၇၃ မြို့နယ်၌ ဆောင်ရွက်လျက်ရှိပြီး ယခုပညာသင်နှစ်တွင် စီ မံချက်မြို့နယ်များ ထပ်မံတိုးချဲ့ထားသည်။ 

 The Voice Weekly

No comments: