Thursday, 03 October 2013
နိုင်ငံတော်သမ္မတနှင့်ပြည်ထောင်စုဝန်ကြီးများ ပါတီမူလရာထူးတွင်
တည်ရှိနေပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့်ညီညွှတ်ခြင်းရှိမရှိ သမ္မတရုံး(၂)
ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်နှင့် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးဝင်းမြင့်တိုယနေ့ကျင်းပသော့ပြည်သူ့လွှတ်တော်တွင်
ထပ်ဆင့်မေးခွန်း(၄)ကြိမ် အပြန်အ လှန်အကြိတ်အနယ်ဆွေးနွေး
ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးဦးစိုးမောင်က“နိုင်ငံတော်သမ္မတ၊ဒုတိယသ မ္မတ
များနှင့် ပြည်ထောင်စုဝန်ကြီးများဖွဲ့စည်းပုံအခြေခံဥပဒေပါ သက်ဆိုင်ရာ
ပုဒ်မများနှင့် အညီလိုက်နာေ ဆာင်ရွက်လျှက် ရှိပါသဖြင့် တရားဝင်ဆောင်
ရွက်နေခြင်းဖြစ်ပါကြောင်းဖြေကြားအပ်ပါတယ်၊ အားလုံးကို ကျေးဇူးတင်
ပါတယ်။”ဟု လွှတ်တော်တွင်ဖြေကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတနှင့်
ပြည်ထောင်စုဝန်ကြီးများ ဖွဲ့စည်းပုံ အ ခြေခံဥပဒေပုဒ်မ (၆၄)၊ပုဒ်မ ၂၃၂
ပုဒ်မခွဲ(ဋ)တို့နှင့် အညီ တရားဝင်ဆောင်ရွက်ခြင်းရှိမရှိပါတီတွင်းဆက်
လ က် မူလရာထူးတွင်တည်ရှိနေပါကဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီ
ညွှတ်ခြင်းရှိမရှိကို ယနေ့အောက်တိုဘာ(၃)ရက်ကနေပြည်တော်တွင်
ကျင်းပနေသော မထမအကြိမ်ပြည်သူ့လွှတ်တော် အဌမပုံမှန် အစည်း
အဝေးဒု တိယနေ့တွင်မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း
ပြန်လည်ဖြေကြားခဲ့သည်။
ဦးဝင်းမြ င့်က“ပြည်သူလွှတ်တော်ဆိုင်ရာနည်းဥပဒေပုဒ်မ(၁၁၆)ပုဒ်မခွဲ (ဃ)အရတစ်ဆက်စပ်တည်း မေးခွန်းကို ကျွ န်တော် ကို မေးခွင့်ပြုပါ
ဥက္ကဌကြီးကတစ်ဆင့်တင်ပြအပ်ပါတယ်။ခုနကမေးတဲ့မေးခွန်းကို ဖြေတဲ့
အဖြေဟာ လိုက်နာဆောင်ရွက်လျှက်ရှိပါတယ်၊ဆက်လက်ဆောင်ရွက်
လျှက်ရှိပါတယ်ဆိုတာတိကျရှင်းလင်းတဲ့ အဖြေ ကိုပဲ ကျွန်တော်တို့ကြားချင်
ပါတယ်၊”ဟုထပ်ဆင့်မေးမြန်းခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဦးစိုးမောင်က“မေးခွန်းနဲ့ပက်သက်လို့ကျွန်တော်လဲ
အဘက်ဘက် က လေ့လာကြည့် ပါတယ်၊မေးခွန်းကိုယ်တိုင်ကျွန်တော်
ကိုယ်တိုင် ကျွန်တော်ပဲတွေဝေသလား၊တွေးချော်သလား ၊ကျွန်တော် မေး
ခွန်းကို သိပ်သဘောမပေါက်ပါဘူး၊ဒီတရားဝင်ဆောင်ရွက်ထားခြင်း
ရှိမရှိဆိုတာတရားဝင် ဆောင်ရွက် ရန်ဘယ်လိုလုပ်ဖို့ရှိပါသလဲ ကျွန်တော်လေ့လာကြည့်တဲ့အခါမှာဒီပုဒ်မ(၆၄) မှာလဲ အင်္ဂလိပ်လို
ပါတာက တော့ (They shall not take part in its party activities during
their term of office from the day of their election )လို့ပဲပါတယ်။
ကျွန်တော်နားလည်တာက တော့ (activities) ဆိုတာ ပဲပါပါတယ် (acti vities)
ကိုလည်း ကျွန်တော်တို့ (Dictionary) လှန်ကြည့်တဲ့ အခါမှာလုပ်ရှားဆောင်
ရွက်မှု လိုပဲပါတယ်၊ ကျွန်တော်တို့ သဘောပေါက်တာကတော့
(activities) ကို ဘယ်သူမှ ၀င်ရောက်ဆောင်ရွက်ခြင်း မရှိပါဘူး။
(activities) နဲ့ ပက်သက်လို့ကျွန်တော်နားလည်တာလည်း ပါတီစည်းရုံးရေး
လုပ်ငန်းတွေ ကျွန်တော်တို့ ၀င် ရောက်လုပ်ကိုင်တာ မတွေ့ရပါဘူး
ကျွန်တော်တို့ (resposibility) တာဝန် ပိုင်းအရ ( Post) ယူထားတာရှိ
ပါတယ်၊(Rank )အရ ယူထားတာရှိပါတယ် ဒီထဲမှာ (Retire) ဆိုတဲ
စာလုံးလဲမပါပါဘူး (resign) လို့လဲ မပါ ပါဘူး (resignation) လို့လဲ
မပါတဲ့ အတွက်ဒီဥစ္စာဟာ ကျွန်တော်တို့ လက်ရှိ ကျွန်တော်တို့ဆောင်
ရွက် တဲ့ အတိုင်းတရားဝင်ဆောင်ရွက်နေခြင်းပဲ ဖြစ်တယ်လို့ ကျွန်တော်တို့
နားလည်ပါတယ်ဒီလောက် ပါပဲ၊ေ ကျးဇူး တင်ပါတယ်”ဟု လွှတ်တော်ကိုပြန်
လည်တင်ပြခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၆၄)တွင်“နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ
သမ္မတ များသည် နိုင်ငံရေးပါ တီတစ်ခုခု ၏အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ
သို့မဟုတ် ဒုတိယ သမ္မတများအဖြစ်ရွေးချယ် တင်မြှေက် ခြင်းခံရသည့်နေ့
မှစ၍ မိမိတို့ရာထူးသက် တမ်းအတွင်းယင်းပါတီအဖွဲ့အစည်း၏ပါတီလုပ်
ငန်းများတွင် ပါဝ င်ဆောင်ရွက်ခြင်းမပြုရ”ဟုပါရှိပြီးပုဒ်မ၂၃၂ပုဒ်မခွဲ(ဋ)
တွင်“ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ် ခု ခု၏အဖွဲ့ဝင်ဖြစ်လျှင်
ပြည်ထောင်စုဝန်ကြီး အဖြစ်ခန့်အပ်တာဝန်ပေးခံရသည့်နေမှစ၍မိမိ
ရာထူးသက် တမ်း အတွင်းယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင်
ပါဝင်ဆောင်ရွက်ခြင်းမပြုရ ”ဟုပါရှိသည်။
တတိယ အကြိမ်မေးခွန်းအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဝင်းမြင့်က
“ ကျွန်တော်ကို ဆက်လက်မေး ခွင့်ပြုပါခင်ဗျ၊ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ
၄၅၂ မှာ ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၏ နိဒါန်း၊ပုဒ်မများပုဒ်မခွဲများ စကားလုံး
စုများ၊စကားလုံး တစ်လုံးခြင်း၏ အနက်အဓိပ္မါယ် သဘောအယူအဆများ
ဖွင့်ဆိုရာ၌ မြန်မာစာ ဖြင့်ရေးသားချက်များ အပေါ်တွင်အခြေပြုရမည်လို့
အတိအကျပြဌာန်း ထားပါတယ်၊ဒါကြောင့်မိုလို့ မြန်မာစာဖြင့်ရေးသား
ချက်များအပေါ်မှာပဲ အများပြည်သူလူထု နားလည်တဲ့ အတိုင်း အဓိပ္မါယ်
ဖွင့်ရမှာ ဖြစ်ပါတယ် အင်္ဂလိပ်လို အဓိပ္မါယ် ဖွင့်ရမှာမဟုတ်တဲ့အတွက် မြန်မာ
စာဖြင့်ဖွင့် ဆိုတဲ့အပေါ်မှာပဲတိကျရှင်း လင်းတဲ့အ ဖြေ ကျွန်တော်တို့
မေးခြင်းဖြစ်ပါတယ် ”ဟု ထပ်ဆင့်မေးမြန်းခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဦးစိုးမောင်က “ကျွန်တော်တို့ပါတီလုပ်ငန်းများတွင်
ပါဝင်ဆောင်ရွက်ခြင်းမပြုရ ဒီပုဒ်မ ၆၄ မှာ လဲဒီလိုဆိုပါတယ် ၊ပုဒ်မ ၂၃၂( ဋ)
မှာလဲ ပါတီလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခြင်း မပြုရဆို ပါတ ယ်၊ ပါတီ
လုပ်ငန်းဆောင်ရွက်ခြင်း မရှိကြောင်း ကျွန်တော်တို့တင်ပြအပ်ပါတယ်။”ဟု
ဆက်လက်ဖြေ ကားခဲ့ သည်။
စတုတ္ထ အကြိမ်မေးခွန်းအဖြစ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်က
“ဆောင်ရွက်ခြင်းမရှိပဲ နဲ့ ခုနအဓိပ္ပါယ်မှာ ထွေးပြောသွားပါတယ် ချွင်းချက်
နဲ့ပြောသွားပါတယ်ပါဝင်ဆောင်ရွက်ခြင်း မပြုရလို့ အဓိ ပ္မါယ်က ဆိုထား
တာပါ အခုဖြေသွားတာကပါဝင်ဆောင်ရွက်ခြင်း မပြုတာပဲ ပြောပါတယ်။
ပါဝင်တာက ထ င်ရှားနေပါတယ် ၀န်ခံပြီးသားလဲဖြစ်ပါတယ်ဒါဖွဲ့စည်းပုံ
အခြေခံဥပဒေ နဲ့ ညီမညီ သိလိုပါတယ်”ဟု ထပ်ဆင့် မေးမြန်းခဲ့သည်။
နောက်ဆုံးအနေဖြင့်ပြည်ထောင်စုဝန်ကြီးဦးစိုးမောင်က“ဥပဒေနဲ့ ၆၄ နဲ့ရော
၂၃၂ (ဋ) နဲ့ ပါညီပါကြောင်း ဖြေကြားအပ်ပါတယ်”တယ်ဟု လွှတ်တော်ကို
ဆက်လက်တင်ပြခဲ့သည်။
Popular Myanmar News Journal
No comments:
Post a Comment