Wednesday, October 30, 2013
လတ်တလောပြည်တွင်း၌ ဖြစ်ပွားနေသောတိုက်ပွဲများကို ရပ်ဆိုင်းရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းအသီးသီးတို့ လက်မှတ်ရေးထိုးမှု များပြုနေသော်လည်း အပစ်အခတ်ရပ်စဲရေးအတွက် အရေးကြီးသည့် အချက်များဖြစ်သော စစ်ဘက်ဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ် စည်းကမ်းများ(code of conduct)ကို အစိုးရတပ်မတော်ဘက်က ရေးဆွဲ၍မပြီး သေးကြောင်း ၊ KNU ဒုဥက္ကဋ္ဌ ဖဒိုနော်စီဖိုးရာစိန်ကဆိုကြောင်း KIC သတင်းဌာန၏ ဖော်ပြချက်အရ သိရ သည်။
““အစိုးရစစ်တပ်ရဲ့ကြိုတင် ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး မပြည့်စုံသေးဘူးလို့ ကျွန်မမြင်တယ်။ ဒါက ကျွန်မ တစ်ဦးတည်း အမြင်ပါ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ကျွန်မတို့ (Technical Team) က အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း (code of conduct) နဲ့ ပတ် သက်ပြီး သွားရောက်တွေ့ဆုံရာမှာ အစိုးရဘက်က အကြမ်းရေးဆွဲထားတာရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့လည်း မပြီး သေးတဲ့အတွက် ချမပြနိုင်သေးဘဲ ရေးဆွဲလို့ ပြီးစီး တဲ့အခါကျမှ ထုတ်ပြမယ်လို့ ပြောပေမဲ့ အခုအချိန်ထိ ထုတ်ဖော်ပြသတာ မရှိသေးပါဘူး။
ဒီကိစ္စကို ရေးဆွဲဖို့အတွက် ကျွန်မတို့ KNU က အချိန်အများကြီး အကုန်ခံခဲ့ပြီးထပ်တလဲလဲအကြမ်း ရေးဆွဲ တင်ပြထားပြီပါပြီ”” ဟုဆိုသည်။
၎င်းအပြင်သြဂုတ်လအတွင်း က KNU ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို သွားရောက်တွေ့ဆုံရာတွင် ကာ/ချုပ် ကမပြီးသေးဟုဆိုကြောင်း၊ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းကို ဆွဲခိုင်းထားတဲ့အကြမ်းတစ်ခုလည်းမပြီးသေးကြောင်း၊ အစိုးရပိုင်းက တစ်နိုင်ငံလုံးအတိုင်း အတာနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ကြိုတင်ပြင်ဆင်မှုလုံလောက်မှုမရှိသေးကြောင်း သူမကဆိုခဲ့ သည်ဟု သတင်းရရှိသည်။
Hot News Journal
No comments:
Post a Comment