Wednesday, October 16, 2013

EU ခေါင်းဆောင်တွေနဲ့ ဒေါ်စုတွေ့ဖို့ရှိ


Wednesday, October 16, 2013

မြန်မာနိုင်ငံက ​အဓိက ​အတိုက်အခံပါတီခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​မကြာခင် ​သွားရောက်မယ့် ​ဥရောပခရီးစဉ်အတွင်း ​Luxembourg ​နိုင်ငံကိုမသွားခင် ​ဥရောပသမဂ္ဂခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ​ရှိတယ် လို့ ​သိရပါတယ်။

ဥရောပသမဂ္ဂ ​ခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံပြီးနောက် ​Luxembourg ​နိုင်ငံကိုသွားပြီး ​ဥရောပသမဂ္ဂ ​အဖွဲ့ဝင် နိုင်ငံတွေက ​နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ​တွေ့ဆုံမှာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ​မှာတော့ ​လွန်ခဲ့တဲ့ ​၂၃နှစ်က ​ရရှိခဲ့တဲ့ ​Sakharov ​လူ့အခွင့်အရေးဆုကို ​ကိုယ်တိုင် ​လက်ခံရယူဖို့အတွက် ​ပြင်သစ်နိုင်ငံမှာရှိတဲ့ ​Strasbourg ​မြို့ကို ​သွားရောက်မှာဖြစ်ပြီး ​ပါတယ်။

၁၉၉၀ ​ပြည့်နှစ် ​ရွှေးကောက်ပွဲတုန်းက ​NLD ​ပါတီအနိုင်ရခဲ့တာကို ​မြန်မာစစ်အစိုးရက ​အသိအမှတ်မပြုခဲ့ပဲ ​ဒေါ်အောင်ဆန်းစုကြည်ကို ​ထိန်းသိမ်းခဲ့ရတဲ့အတွက် ​ဥရောပသမဂ္ဂကရဲ့ ​ဆုချီးမြှင့်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

နိုဘယ်လ် ​ငြိမ်းချမ်းရေးဆုရှင် ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​အောက်တိုဘာလ ​၂၂ရက်နေ့ ​အင်္ဂနေ့ ​မှာ ​ပြုလုပ် မယ့် ​ဆုချီးမြှင့်ပွဲ ​အခမ်းအနားမတိုင်ခင် ​တနင်္လာနေ့မှာတော့ ​ဥရောပ ​- ​မြန်မာအလုပ်အမှုဆောင်အဖွဲ့က 
 ခေါင်းဆောင်တွေအပြင် ​ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ​နိုင်ငံခြားရေးဝန်ကြီး ​၂၈ ​ဦးတို့နဲ့လည်း ​တွေ့ဆုံသွားဖို့ရှိတယ်လို့ ​ဥရောပသမဂ္ဂ ​သံတမန် ​သတင်းရပ်ကွက်က ​ပြောပါတယ်။

အဲဒီမတိုင်ခင် ​တနင်္ဂနွေနေ့မှာတော့ ​ဥရောပ ​ကောင်စီ ​ဥက္ကဌ ​Herman ​Van ​Rompuy ​နဲ့ ​Brussels ​မှာ ​အရင်တွေ့ဆုံဖို့ရှိတယ်လို့ ​သိရပါတယ်။

ABC

No comments: