Wednesday, October 16, 2013

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သံချပ်ကာအင်ဂျင်နီယာတက္ကသိုလ်၊ တရုတ်နိုင်ငံ လေယာဉ်တည်ဆောက်မှု နည်းပညာနှင့် စက်မှုကော်ပိုရေးရှင်းနှင့် NORINCO ကုမ္ပဏီတို့သို့ သွားရောက်လေ့လာ


Wednesday, October 16, 2013

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ သံချပ်ကာအင်ဂျင်နီယာတက္ကသိုလ်သို့သွားရောက်လေ့လာကြရာ သံချပ်ကာ Political Commissar Major General Xia Xiaopeng က သံချပ်ကာအင်ဂျင်နီယာတက္ကသိုလ်ဖွင့်လှစ်သင်ကြားလေ့ကျင့်မှုများကို ရှင်းလင်း တင်ပြခဲ့သည်။


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် သံချပ်ကာတိုက်ယာဉ်များနှင့် လေ့ကျင့်မောင်း နှင်မှု တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ပေကျင်းမြို့ တရုတ်နိုင်ငံ လေ ယာဉ်တည်ဆောက်မှုနည်းပညာနှင့် စက်မှုကော်ပိုရေး ရှင်း(CASIC) အမှတ်(၃)ဌာနခွဲသို့ရောက်ရှိကာ ပြခန်းအတွင်း ခင်းကျင်းပြသမှုများကို လိုက်လံကြည့်ရှုကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် ပေကျင်း မြို့ရှိ NORINCO ကုမ္ပဏီသို့ရောက်ရှိကြရာ ကုမ္ပဏီဥက္ကဋ္ဌ Mr. Zhao Gang နှင့်အဖွဲ့က ကြိုဆိုကြပြီး ကုမ္ပဏီ ဧည့်ခန်းမတွင် Mr. Zhao Gang က ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ NORINCO ကုမ္ပဏီမှ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments: