Friday, January 31, 2014
မြန်မာနိုင်ငံမှာ အမြင့်ဆုံးအဖွဲ့အစည်းလို့ သတ်မှတ်ယူဆထားတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဟာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးမှာ ရှိသင့်တဲ့အရည်အသွေး ရှိရပါမယ်။ ပြည်သူလူထုယုံကြည် ကိုးစားသင့် ကိုးစားထိုက်တဲ့သူ ဖြစ်ဖို့လိုပါတယ်။ ကိုယ်စားလှယ်တစ်ဦးရဲ့ အဆင့်အတန်းနဲ့ ညီမျှတဲ့ စကားမျိုးပြောသင့်ပါတယ်။ မောင်တောကနေလွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတဲ့(ဦး)ရွှေမောင်နဲ့ DVB သတင်းဌာနတို့ တွေ့ဆုံရာမှာ ပြောခဲ့တဲ့စကားတွေဟာ ဖွတ်ထွက်မှတောင်ပို့ဖြစ်မှန်း သိလိုက်ရတာပါပဲ။
မွတ်ဆလင်ဘက်တော်သား၊ဘဂါင်္လီကိုယ်စားလှယ်ဆိုတာကိုမျက်နှာဖုံးဖွင့်ပြလိုက်တာပါပဲ။ ဦးရွှေမောင်ရဲ့ ပြောတဲ့စကားတွေဟာ မြန်မာနိုင်ငံအတွက် အလွန်ပဲအန္တရာယ်များလွန်းလှပါတယ်။ ဖြစ်ရပ်မှန်ကိုပြောပြတာ ထက် သူဖြစ်ချင်တဲ့သတင်းပုံစံမျိုး လိုရာကိုဆွဲပြီး ပြောသွားတာ ဖြစ်ပါတယ်။
သူပြောခဲ့တဲ့စကားလေး သဘာဝယုတ္တိရှိမရှိ ဖတ်ကြည့်ပါဦး။ ဇန်န၀ါရီလ ၂၉ ရက်နေ့မှာ DVB သတင်းဌာနရဲ့ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာမှာ ဦးရွှေမောင်က "ရဲက ထိန်းချုပ်ထားလို့ အပြင်လူ ၀င်နိုင်စရာ အကြောင်းမရှိဘူး။ အပြင်လူဝင်ပြီးမှမီးရှို့တယ် ဆိုရင်လည်း ဒါကို ရဲကမိမှာပဲ။ ဒါ တစ်ချက်။ နောက် တစ်ချက်က အဲဒီအနီးပတ်ဝန်းကျင်က ရွာတွေက လူတွေက ကျွန်တော့်ကို တယ်လီဖုန်းနဲ့ သေချာခိုင်မာစွာ သတင်းပို့တာကတော့ အဲဒီရဲတွေကိုယ်တိုင်ပဲမီးရှို့ခဲ့တာသူတို့မြင်တယ်" ဒါ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးပြောတဲ့စကားပါပဲ။
သူကရဲတပ်ဖွဲ့ဝင်တွေကို လက်ညှိုးတစ်ချောင်းပဲထိုးလိုက်တာပါ။ ကျန်တဲ့လက်လေးချောင်းကသူ့ကို ပြန်ထိုးထားတာ သူ့ရဲ့စကားထဲမှာပါပါတယ်။
ရဲတွေကိုယ်တိုင်ပဲမီးရှို့တာသူမြင်တယ်လို့တယ်လီဖုန်းဆက်တဲ့ သူဟာ မီးရှိုသူပဲဖြစ်မှာပေါ့။ဘာကြောင့်လဲဆိုတော့ ဘယ်သူမှမသွားရဘူးဆိုတဲ့နေရာကိုသူရောက်နေလို့ပေါ့။ မောင်တောနယ်က ကျေးရွာလို နေရာမျိုးကနေ လွှတ်တော်တက်နေတဲ့ သူဆီဖုန်းဆက်နိုင်တယ်ဆိုတာလဲ နဂိုကထဲ ကအချက်အဆက်ရှိရှိ လုပ်ထားလို့သာ ဒီလိုမျိုးပြောဆိုနိုင်တာဖြစ်ပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရယင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်နေလျက်နဲ့ တယ်လီဖုန်းလေးနဲ့ လှမ်းပြောလိုက်တဲ့သတင်းကို အတည်ပြုတယ်ဆိုတဲ့ဦးနှောက်ဟာ တော်တော်ကို လေးစားဖွယ်ကောင်းတဲ့ ဦးနှောက်ပါပဲ။ ဒီလိုမျိုး လူတွေကြောင့်သာ အရင်တုန်းကဒေါက်တာဆိတ်ဖွားဆိုပြီးဝေဖန်တဲ့သူတွေပေါ်လာ တာ။ဒေါက်တာဆိတ်ဖွားမလွန်ပါဘူးဆိုတာ ဒီလောက်ဆိုရင်သိလောက်ပါပြီ။
အခုလဲမောင်တောက ဘဂါင်္လီဦးရွှေမောင်ဟာ သူဟာပြည်သူ့လွှတ်တော်မှာတက်နေတဲ့ ဘဂါင်္လီကုလားစစ်စစ်ဖြစ်တယ်ဆိုတာ ကြေညာလိုက်တာပါပဲ။ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား အသရေဖျက်မှု၊ ဆူပူအောင်လှုံ့ဆော်မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေမှု၊ နိုင်ငံသားကဒ် ပြား လိမ်လည်ရယူမှု စသည့် စွဲချက်များဖြင့် တရားစွဲဆို အရေးယူသွားမယ်ဆိုတဲ့သတင်းဟာ မှန်ကန်တဲ့ သတင်းဖြစ်ပါစေလို့ပဲ ဆန္ဒပြုလိုက်ချင်ပါတယ်။
စိန်မောင်(စစ်တွေ)

No comments:
Post a Comment