Saturday, February 1, 2014
လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော် ကာလကတည်းက မြန်မာပြည်အလယ် ပိုင်း မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ပေါ်ထွန်းခဲ့သော ချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံ (ပလိပ်) ယခု အမှတ် (၂) အထည်စက်ရုံ (ပလိပ်) သည် အမှတ် (၁) စက်မှုဝန်ကြီးဌာနတွင် ဂုဏ်သိက်္ခာ ရှိစွာ၊ထည်ဝါခံ့ညားစွာ၊၀န်ထမ်းအင်အားစု ခိုင်မာစွာဖြင့် လူတန်းစားအလွှာ အသီး သီး၏အားထားရာပလိပ်ပန်းရိုက်အထည် များ တွင်ကျယ်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး ပြည်တွင်းဈေးကွက်တွင် အထင်ကရဖြစ် ခဲ့သည်။
စက်ရုံတွင် အစိုးရ၀န်ထမ်းဘ၀ဖြင့် သားစဉ်မြေးဆက် ဂုဏ်ယူစွာဖြင့်နေထိုင် ခဲ့ကြသော ပလိပ်အထည်စက်ရုံဝန်ထမ်း များနှင့် ၀န်ထမ်းမိသားစုများသည် ခေတ် ကာလ၏ ရိုက်ခတ်မှုဒဏ်၊၀န်ထမ်းအချင်း ချင်းအပေါ် သွေးခွဲ အနိုင်ကျင့်ခဲ့မှုများ ဒဏ်၊ မျက်နှာရလိုမှုစိတ်ဓာတ်ဖြင့် အုပ် ချုပ်သူလူတစ်စု၏ တင်းကျပ်စွာ စီမံခိုင်း စေမှုဒဏ်များကြားတွင် သောကရိပ်၊ ခံ ပြင်းစိတ်တို့ဖြင့် ရင်ဆိုင်ဖြတ်သန်းနေခဲ့ ကြရသည်မှာ ရက်ပေါင်း၊ လပေါင်းများ စွာ ကြာမြင့်ခံစားခဲ့ရပြီး စက်ရုံဝန်ထမ်း ဘ၀၏ ရရှိသော လစာလေးဖြင့် မိသားစု စားဝတ်နေရေးများအတွက် ရင်ဆိုင်ဖြေ ရှင်းနေကြရသည့် ကြားထဲတွင် စက်ရုံမှ ထွက်ရှိနေသည့် အရည်အသွေးကျဆင်း နေသော ပန်းရိုက်အထည်များကို စက်ရုံ ၀န်ထမ်းတိုင်း ခွဲတမ်းစနစ်ဖြင့် ထုတ်ယူ ကြရပြီး စက်ရုံဝန်ထမ်းဘ၀မှ “ဈေးသည် ကြီး ဆန်နီ”ဘ၀ဖြင့် ရွာစဉ်လျှောက်၍ တ၀ဲဝဲလည် ဖြစ်ခဲ့ကြရသည်။
ပြင်ပအတွေ့အကြုံနည်းပါးသော ၀န်ထမ်းအချို့သည် ထက်ဝက်နီးပါးအရှုံး ခံ၍ လက်လွှဲရောင်းချပြီး မိမိခွဲတမ်းအရ ထုတ်ယူကြရသော အထည်ဖိုးငွေများကို လစာမှ ဖြတ်တောက်ခံကြရပြီး ကျန်ရှိ လစာလေးဖြင့် မိသားစုဘ၀ဖြေရှင်းကြရ သည်။ အချို့လှည့်လည်၍ အကြွေးစနစ် ဖြင့် ရောင်းချကြရင်း၊ ငွေကြေးပြဿနာ များဖြစ်ကာ ယနေ့တိုင် ဖြေရှင်းမပြီးနိုင် သေးကြောင်း သိရသည်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုဒဏ်အမျိုးမျိုးနှင့် ဘ၀ဖြတ်သန်းမှု အခက်အခဲပေါင်းများစွာနှင့် ကြုံတွေ့ ရင်ဆိုင် ဖြေရှင်းနေရသည့်ကာလအတွင်း မှာပင် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှစ၍ ခေတ်စနစ်ပြောင်းလဲမှုအရ အမှတ် (၂) အထည်စက်ရုံ (ပလိပ်) သည် ပုဂ္ဂလိက ကုမ္ပဏီဖြစ်သောဏညေွိှေနထအငူန ဃသ.ယူအိ သို့ လွှဲပြောင်းငှားရမ်းခြင်း ခံလိုက်ရချိန် တွင် စက်ရုံဝန်ထမ်းများဘ၀သည် “၀မ်း နည်းရမှာလား။ ၀မ်းသာရမှာလား”ဖြင့် သို့လော သို့လော ဖြစ်ခဲ့ကြရသည်။
စက်ရုံတွင် အစိုးရ၀န်ထမ်းဘ၀ဖြင့် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့ကြ သော ၀န်ထမ်းများသည် ကုမ္ပဏီဝန်ထမ်း ဘ၀သို့ ဆောလျင်စွာ ပြောင်းရွှေ့ခံစား လိုက်ရသည့်အတွက် သဘောထားကွဲလွဲ မှုများ နေ့စဉ်ကြုံတွေ့နေကြရမှုအပေါ် မကျေလည်မှုများ တစ်စတစ်စ ဖြစ်ပေါ် စေခဲ့သည်။ အပြောင်းအရွှေ့ကာလအစ တွင် ၀န်ကြီးဌာန၏ ပျားရည်စက်နှင့် ၀မ်းချခဲ့သော စကားများကြောင့် မျှော် လင့်မှုပီတိများ ဖြစ်ပေါ်စေခဲ့သော်လည်း တဖြည်းဖြည်းနှင့် ပွင့်လင်းမြင်သာမှု ကင်း မဲ့ခြင်း၊ သဘောထားမှတ်ချက်များ ပြတ် သားမှုမရှိခြင်းများကြောင့်ဝန်ထမ်းအများစု ကြားတွင်ခံစားမှုဒဏ်ရာတို့တဖြည်းဖြည်း ကြီးထွားလာစေခဲ့သည်။ စက်ရုံဝန်ထမ်း များကြားတွင် ပထမဆုံးရင်ဆိုင်ရသည့် အချက်သည်သဘောထားကွဲလွဲစေသော ဆန္ဒပြုလွှာများ ဆောင်ရွက်ကြခြင်းဖြစ် သည်။ ၀န်ထမ်းလုပ်သက် နှစ် ၃၀ နှင့် အသက် ၅၅ နှစ် ပြည့်ပြီးသူများကို သက် ပြည့်ပင်စင်ယူစေခြင်း၊ အခြားအသက် အရွယ်နှင့် လုပ်သက်ရှိသူ ၀န်ထမ်းအသီး သီးတို့သည်လည်း လျော်ကြေးပင်စင် ခံစားစေပြီး နုတ်ထွက်လိုသူများ၊ ကုမ်္ပဏီ သို့ ဆက်လက်လုပ်ကိုင်လိုသူများနှင့် လျော်ကြေးမယူဘဲ အစိုးရ၀န်ထမ်းဘ၀ ဖြင့် ပြောင်းရွှေ့လိုသူများဟူ၍ ဆန္ဒပြု လွှာ ဖြည့်စွက်ခြင်း အမျိုးမျိုးဖြင့်သဘော ထားတင်းကြပ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
အစိုးရ၀န်ထမ်းဆက်လုပ်ရန် ဆန္ဒ ပြုထားသူများကို အရေးပေါ်အခြားဌာန အသီးသီးသို့ ပြောင်းရွှေ့သွားစေခြင်းနှင့် နေ့စားဝန်ထမ်းအချို့ကို အလုပ်မှ အနား ပေးခြင်းများ ဖြစ်ပေါ်စေပြီး ကျန်ရှိသော စက်ရုံဝန်ထမ်း ၁၀၂၅ ဦးကို လုပ်သက် အလိုက် လျော်ကြေးပင်စင်ရယူစေပြီး ကုမ္ပဏီဝန်ထမ်းအဖြစ်သို့ပြန်လည်လျှောက် ထားကြရန် အမိန့်ညွှန်ကြားလွှာ သတင်း ရရှိခြင်းနှင့်အတူ စက်ရုံလူမှုဖူလုံရေး၊ ကျန်းမာရေးဝန်ထမ်းများကိုမိခင်ကျန်းမာ ရေးဝန်ကြီးဌာနသို့ ပြန်လည်တာဝန်ထမ်း ဆောင်စေရန် ညွှန်ကြားလွှာများကြောင့် စက်ရုံဝန်ထမ်းများနှင့် ၀န်ထမ်းမိသားစု ၀န်းကျင်တွင် ဂယက်ရိုက်သွားစေခဲ့သည်။
နှစ်ရှည်လများ ၀န်ထမ်းဘ၀ဖြင့် ရပ်တည်လာကြသော ၀န်ထမ်းများသည် လုပ်ငန်းခွင်ပျော်ရွှင်မှု ဆိတ်သုန်းနေစေခဲ့ ပြီး အလုပ်ခွင် ပင်ပန်းမှုဒဏ်ကို ခံနိုင်စွမ်း ရည်ရှိကြသော်လည်း စိတ်သောကများ ဖိစီးမှုဒဏ်ကို နေ့စဉ်နှင့်အမျှ ခံစားနေကြ ရမှုအရ ရင်တွင်းမီးစများ တမြေ့မြေ့ လောင်ကျွမ်းစေခဲ့သည်။ ၀န်ထမ်းများ ခံစားမှု အခွင့်အရေးအရ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်နှင့် ကျန်းမာရေးဆေးခွင့် များတွင်လည်း ရှောင်တခင်ခွင့် ခံစားမှု ကို အရေးပေါ်ခံစားခွင့်မရရှိဘဲ တန်းစီ စနစ်ဖြင့် ခံစားစေခြင်း၊ လုပ်သက်ခွင့်၊ ဆေးခွင့်များကိုလည်း လူဦးရေအချိုး အစားဖြင့် ခံစားခွင့်ပြုခြင်းများသည် ခေတ်အဆက်ဆက် ခံစားခဲ့ကြသော ၀န်ထမ်းရပိုင်ခွင့် အခွင့်အရေးများကို ကျိုး ပျက်စေခြင်းဖြစ်ခဲ့ကြောင်းနားလည်ခံစား မှုဖြစ်ခဲ့ကြသည်။ လတ်တလောဖြစ်ပေါ် နေသော သောကဂယက်တစ်ခုအဖြစ် အစိုးရ၀န်ထမ်းအဖြစ် လုပ်ကိုင်လိုသူ ၀န်ထမ်းများကို ပြတ်သားမှုမရှိသည့် အမျိုးမျိုးသော ညွှန်ကြားလွှာများဖြင့် ဟို ၀န်ကြီးဌာန၊ သည်ဝန်ကြီးဌာနများသို့ လည်းကောင်း၊ ဟိုစက်ရုံ၊ သည်စက်ရုံများ သို့ ပြောင်းရွှေ့ခွင့်ပြုသည်ကို လည်း ကောင်း မရေရာ မသေချာသည့် လှည့် ကွက်ညွှန်ကြားလွှာများဖြင့် စက်ရုံဝန် ထမ်းလောကအတွင်း မကျေလည်မှုများ ပိုပြီးဖြစ်ပေါ်စေခဲ့သည်။
ပွင့်လင်းမြင်သာမှုမရှိသော မရေရာ မသေချာသော ပြောင်းလဲမှုများကြား တွင် ပြတ်သားသော ရိုးရှင်းသောဖြေရှင်း မှု၊ ၀န်ထမ်းများဘ၀ကို တာဝန်ယူဆောင် ရွက်ပေးနိုင်မှု ကင်းမဲ့ခြင်းဖြစ်ပေါ်လာမှု အပေါ် ၀န်ထမ်းများနှင့် ၀န်ထမ်းမိသားစု များ၏ ခံစားမှုဒဏ်ရာများ အရှိန်မြင့် တက်လာမှုအရ ဇန်န၀ါရီ ၁၆ ရက်၊နံနက် (၈း၁၅) နာရီတွင် တက်ကြွသောဝန်ထမ်း ၃၀ ခန့်မှစတင်၍ စက်ရုံဝန်ထမ်းများ ၀င်/ထွက်ဂိတ်ပေါက်တွင် မကျေလည်မှု များကို ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်မှု စတင်ဖြစ်ပေါ်စေခဲ့သည်။ သို့သော်စတင် ဆန္ဒပြုပွဲသည် ခွင့်ပြုထားသော ဥပဒေ ဖြင့် ညီညွတ်မှုမရှိသည့်အတွက် မြို့နယ် အာဏာပိုင်အဖွဲ့အစည်းများ၏ ညှိနှိုင်း ရှင်းလင်းပြောကြားချက်များအရပြေလည် စွာ ရုပ်သိမ်းစေခဲ့သည်။
ဖြစ်ရပ်များသည် ရပ်တန့်မသွားစေ ဘဲ နံနက် ၇ နာရီတွင် အလုပ်ဝင်ရောက် ခဲ့ကြသော အလုပ်ရုံအတွင်းရှိ ၀န်ထမ်း များသည် ညနေအလုပ်ဆင်းချိန် ၃ နာရီ တွင် စက်ရုံဝင်/ထွက် ဂိတ်ပေါက်တွင် အပြင်သို့ မထွက်ကြတော့ဘဲ ဆက်လက် ၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကို စတင် ခဲ့ကြပြီး ၀န်ထမ်းအင်အား ၂၀၀ ခန့်မှ ညဆင်းဝန်ထမ်း တာဝန်ထမ်းဆောင်၍ ည ၁၁ နာရီအပြန် ၀န်ထမ်းအင်အားများ ဖြင့် စုဖွဲ့မိကြကာ စုစုပေါင်းအင်အား ၅၀၀ ကျော်ဖြင့် တောင်းဆိုမှု ၁၆ ချက် ကို မရမချင်း ငြိမ်းချမ်းစွာ ဆန္ဒပြုတောင်း ဆိုမှုကြီးထွားစွာ ဖြစ်ပေါ်စေခဲ့သည်။
ငြိမ်းချမ်းစွာ ဆန်္ဒပြု ထုတ်ဖော်ကြ မှုအပေါ် စက်ရုံဝန်ထမ်းမိသားစုများ၏ ၀ိုင်းဝန်းထောက်ခံမှုများ၊ အဖွဲ့အစည်း အသီးသီးများ၏ ကူညီထောက်ပံ့မှုများ နှင့် သတင်းမီဒီယာများ၏ လတ်တလော ဖြစ်ပေါ်စေခဲ့သော ကိစ်္စရပ်များကို အချိန် နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်မှုများ ကြောင့် အနယ်နယ်အရပ်ရပ်ဆီသို့ သတင်းများ ပြန့်ပွားစေခဲ့ပြီး ဆန္ဒပြု တောင်းဆိုချက် ၁၆ ချက်နှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သစ် တောနှင့် သတ္တုတွင်းဝန်ကြီးဌာန၀န်ကြီး ဦးသန်းစိုးမြင့်နှင့် တာဝန်ရှိသူများ၊အလုပ် သမားညွှန်ကြားရေးဦးစီးဌာနနှင့် လူမှု ဖူလုံရေးအဖွဲ့၊ စက်မှုဝန်ကြီးဌာန အထည် အလိပ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူး ဦးစိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အမှတ် (၂) အထည်စက်ရုံ (ပလိပ်) Panda Textile Co.,Ltd မှ တာဝန်ရှိသူများ၊ စဥ့်ကိုင် မြို့နယ် အာဏာပိုင်အဖွဲ့အစည်းများ၊မြို့ နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့များနှင့် ဆန္ဒ ဖော်ထုတ်သူ အလုပ်သမားများမှ တရား ၀င်ခန့်အပ်ထားသော ၀န်ထမ်းကိုယ်စား လှယ်များ စုပေါင်း၍ ဖြစ်ပွားခဲ့သော အငြင်းပွားမှုများကို ပြေငြိမ်းမှုရရှိစေရန် နှစ်ဖက်ညှိနှိုင်းမှုကို ၂၂-၁-၂၀၁၄ ရက် နေ့လယ်ပိုင်းမှစတင်၍ ညှိနှိုင်းဆောင်ရွက် ကြရာ တောင်းဆိုချက် ၁၆ ချက်၏ သဘောတူညီသည့် အချက်များကိုနှစ်ဦး နှစ်ဖက် သဘောတူစာချုပ်တွင်လက်မှတ် ရေးထိုးကြ၍ ဆန္ဒထုတ်ဖော်ကြသော ၀န်ထမ်းအားလုံးသည် ည ၉ နာရီအချိန် တွင် စက်ရုံ၏ဥပစာ ၀င်/ထွက်ပေါက်မှ ဖယ်ရှားရုပ်သိမ်း ပေးခဲ့ကြပြီး ၀န်ထမ်း များ၏ ရင်ထဲတွင် သိုဝှက်ထားရသော သောကမီးများ ပြေငြိမ်းစေကာ ၂၄-၁-၂၀၁၄ ရက် နံနက်ပိုင်းမှစ၍ အလုပ်ခွင် သို့ ပြန်လည်ဝင်ရောက်ခဲ့ကြကြောင်း မှတ်တမ်းတင် ဂုဏ်ပြုရေးသားအပ်ပါ သည်။
Hot News Journal

No comments:
Post a Comment