Saturday, February 1, 2014
မကွေးတိုင်းဒေသကြီး၊ပခုက္ကူ မြို့၊ အမှတ်(၃)ရပ်ကွက်၊ တိလော ကာရာမကျောင်းတိုက်တွင် မြန်မာ နိုင်ငံလုံးဆိုင်ရာယဉ်ကျေးလိမ္မာ အဖွဲ့ချုပ်၊ သစ္စဝေဒဂူမိုးကုတ် ၀ိပသာနာဓမ္မမဂ္ဂင်ရိပ်သာမှကြီးမှူး ဖွင့်လှစ်သောပထမအကြိမ်ဗုဒ္ဓ ဘာသာယဉ်ကျေးလိမ္မာ (၁၀)ရက် သင်တန်းဖွင့်ပွဲကို ဇန်န၀ါရီ(၂၉) ရက်၊ မွန်းလွဲ(၂)နာရီတွင် အဆိုပါ ကျောင်းတိုက်၊ တိလောကဓမ္မာရုံ ပေါ်၌ ကျင်းပရာအမှတ် (၈) ရပ် ကွက်၊ ဗောဓိမဏ္ဍိုင်ကျောင်းဆရာ တော်အမှူးပြုသောပင့်သံဃာတော်၊ ဆရာတော်များကြွရောက်တော်မူ ကြပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးမြို့နယ်ပညာရေးမှူး ဒေါ်ခင်ညိုမြင့်၊ မြို့နယ်ဖွံ့/ထောက် ကော်မတီဥက်္ကဋ္ဌဦးရဲထွဋ်၊ သီဟိုဠ် ရှင်ဘုရားကြီးဂေါပကအဖွဲ့ဝင်များ၊ သုဂတိစေတနာ လူမှုကူညီရေး အသင်းဝင်များ၊ မန္တလေးမြို့မှ အလှူရှင်မန်းမြေရာဇာအိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးကျော်ဝင်း+ဒေါ်မြင့်မြင့်သန်းနှင့် မိသားစုများ၊ အခြားဖိတ်ကြားထား သော အလှူရှင်များ ရှင်သာမဏေ ကိုရင်ကလေးများနှင့်သီလရှင် ကလေးများအင်အား (၁၅၀၀) ခန့် တက်ရောက်ကြသည်။
ရှေးဦးစွာအခမ်းအနားကိုန မောတသသုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့ဖွင့်လှစ်ကြပြီး၊ ပခုက္ကူ မြို့၊ မင်းကျောင်းဆရာတော်ဘဒ္ဒန္တ သြဘာသ(သဒ္ဓမ္မဇောတိကဇေ) ထံမှရှစ်ပါးသီလခံယူဆောက်တည် ကြကာ၊ ပခုက္ကူမြို့၊ ဗောဓိမဏ္ဍိုင် ပရိယတ်္တိစာသင်တိုက်နာယကဆရာ တော်ဘဒ္ဒန္တ၀ီရိယ ကသြ၀ါဒက ထာမြွက်ကြားတော်မူသည်။ ယင်း နောက်မန္တလေးမြို့၊ သစ္စဝေဒဂူမိုး ကုတ်ဝိပသနာ၊ ဓမ္မမဂ္ဂင်ရိပ်သာ ဆရာတော်ဘဒ္ဒန္တခေမာစာရ (သဒ္ဓမဇောတိကဓဇ) ကသြ၀ါဒက ထာမြွက်ကြားတော်မူပြီး၊ မန္တလေး မြို့ရန်ရှင်းအောင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဆေကိသာရက ယဉ်ကျေးလိမ္မာ သင်တန်းနှင့် ပတ်သက်၍မြွက်ကြားတော်မူသည်။
ဆက်လက်၍ မန္တလေးမြို့၊ ချမ်းမြရံသီ၊ သီလရှင်စာသင်တိုက် ပဓာနနာယကဆရာကြီး ဒေါ် ခေမာစာရီ (ပထမကျော် အဂ္ဂ မဟာအကျော် မဟာဂန္ထ၀ါစက ပဏ္ဍိတ) မှသင်တန်းဖြစ်ပေါ်လာ ပုံအားရှင်းလင်းပြောကြားပြီး မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ဦးကသာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြသည်။ ထို့ နောက်ကျောင်းသား မိဘ ဦးသန်းရှိန် (အမှတ်- ၃ရပ်ကွက်) က ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားပြီး တိလောကာ ရာမကျောင်းတိုက်၊ ပရဟိတဘုန်း တော်ကြီးသင်ပညာရေး ကျောင်း ဆရာတော် ဘဒ္ဒန္တပညာဝံသ (မဟာသဒ္ဓမ္မဇောတိကဓဇ) က သင်တန်းဖွင့်ရခြင်းရည်ရွယ်ချက်ကို မြွက်ကြားတော်မူပြီး အခမ်း အနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက် သည်။
Hot News Journal

No comments:
Post a Comment