Monday, February 03, 2014

ရန်ကုန်မြို့တွင်းရှိအလှမွေးငါးဆိုင်တချို့တွင် မိကျောင်းငါးသားပေါက်များ ရောင်းချ


Monday, February 03, 2014
ဇန်န၀ါရီလ(၁၉)ရက်နေ့တွင် ရွှေပြည်သာမြို့နယ်နှင့် မှော်ဘီ ကြား ၀ါးတစ်ရာဆိပ်ကမ်းအနီးရှိ လှိုင်မြစ်အတွင်းမှဖမ်းဆီးရမိခဲ့သော မိကျောင်းပါးစပ်နှင့် ငါးခန္ဓာကိုယ်ရှိ မိကျောင်းငါးကဲ့သို့သော ငါးသား ပေါက်များကို ရန်ကုန်မြို့တွင်းရှိ အလှမွေးငါးဆိုင်တချို့တွင်ရောင်းချ လျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင်းရှိ အလှမွေး ငါးဆိုင်အချို့၌ ရောင်းချလျက်ရှိ သော မိကျောင်းပါးစပ်နှင့်ငါးခန္ဓာ ကိုယ်ရှိ မိကျောင်းငါးသားပေါက် များ၏ အရွယ်အစားမှာ (၆) လက်မခန့်ရှိပြီး ၎င်းမိကျောင်း ငါးသားပေါက်များနှင့် တခြားငါး မျိုးစိတ်များကိုရောထား၍မရ ကြောင်း၊ အဆိုပါမိကျောင်းငါး သားပေါက်အား တစ်ကောင်တည်း ထားရပြီး ကျန်ငါးမျိုးစိတ်များနှင့် ရောထားပါက ၎င်းကတခြားငါး မျိုးစိတ်များကိုစားကြောင်းသိရသည်။

အဆိုပါငါးမျိုးစိတ်မှာ မြန်မာ ပြည်တွင်းရှိငါးမျိုးစိတ်ထဲတွင်မရှိ ကြောင်း၊ ပြည်ပငါးမျိုးစိတ်သာ ဖြစ်ကြောင်း၊ အကောင်ရေများ လာပါက မူလရှိသောမိမိတို့ရေ မြေအတွင်းရှိ ငါးမျိုးစိတ်များကို ထိခိုက်နိုင်ကြောင်း၊ ၎င်းငါးမျိုး စိတ်၏ အရွယ်အစား(၅)ပေခန့် ဖြစ်လာပါက ပြည်တွင်းရှိငါးသာ မက လူများကိုပါအန္တရာယ်ပေး နိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ အထွေထွေအတွင်း ရေးမှူးဦးဝင်းကြိုင်က ဆိုသည်။

ပြည်ပမှငါးတင်သွင်းပါက လိုင်စင်ယူရကြောင်း၊ ပြည်ပနိုင်ငံ မှ ငါးမျိုးသွင်းပြီး လူသားအတွက် ရိက်္ခာလည်းရ စီးပွားလည်းဖြစ် ပတ်ဝန်းကျင်ကိုမထိခိုက်လျှင် မွေးမြူ၍ရကြောင်း၊ မြန်မာနိုင်ငံ အတွင်းရှိ ငါးမျိုးစိတ်ပေါင်း (၁၀၀၀)ခန့်နှင့် ဆန့်ကျင်ဘက် ငါးများကိုမွေးမြူရာတွင်ဆင်ခြင် သင့်ကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးလုပ်ငန်းနှင့်ပတ်သက် ၍ ဥပဒေများထုတ်ပြန်ထားပြီး ပြစ်ဒဏ်များလည်းသတ်မှတ်ထား ကြောင်း၊ နိုင်ငံတော်အစိုးရက မြန်မာ့ရေမြေနှင့်ကိုက်ညီသည့် ငါးမျိုးစိတ်များကိုဥပဒေနှင့်အညီ ပြည်ပမှတင်သွင်းခွင့်ပြုထားကြောင်း ၎င်းကထပ်လောင်းဆိုသည်။

Hot News Journal 

No comments: