Monday, February 03, 2014

သနပ်ခါးဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်ရဲ့ ဝေဖန်မှု ကို အမှန်အတိုင်း သိချင်တဲ့ ဝတ်မှုံရွှေရည်


Monday, February 03, 2014
ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူးတဲ့ ‘သနပ်ခါး’ ဇာတ်ကား ထဲမှာ ဝတ်မှုံရွှေရည်က ရဲတိုက်နဲ့အတူ သရုပ်ဆောင်ထားပါတယ်။ မိဘရဲ့ ဆန္ဒအရ မချစ်မနှစ်သက်တဲ့သူနဲ့ လက်ထပ်ခဲ့ရပေမယ့် ကိုယ်တကယ် ချစ်တဲ့သူ နဲ့ကြား ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ဇာတ်ရုပ်ငြိမ်ငြိမ်နဲ့ သရုပ် ဆောင် ထားပါတယ်။ ဇာတ်ရုပ်အရ ပရိသတ်တွေရဲ့ဝေဖန် မှုကို ဘယ်လိုဖြစ် လာမလဲဆိုတာ အမှန် အတိုင်းသိချင်တယ်ဆိုတဲ့ ဝတ်မှုံရွှေရည်က..

“ဇာတ်လမ်းက ဒိုင်ယာလော့ခ်တွေ အများကြီးမပါဘူး။ အိုက် တင်နဲ့ပဲ ဇာတ်ကားရဲ့အဓိပ္ပာယ်ကို ပြသွားတဲ့ပုံစံမျိုးပါ။ ဒါက ကစ် အတွက် ဇာတ်ရုပ်အဆန်းအသစ်တစ်ခုဖြစ် တယ်။ အဲဒါကြောင့်လည်း ဒီလို နေရာမျိုးကို အရဲစွန့်ပြီး ဒါရိုက်တာရော၊ ဇာတ်ကိုရော ယုံကြည်ပြီး ရိုက်လိုက်တာ။ ပရိသတ်တွေရဲ့ ဝေဖန်သံ ကို စောင့် ကြည့်ရမှာပေါ့။ ကိုယ်တိုင်ပြန်ကြည့်တော့ ဦးမင်းထင်ရိုက်ထား တာရိုက်ချက်တွေရော၊ တင်ပြပုံတွေရောကောင်းပါတယ်။ မြင် နေကျ ဇာတ်ကားမျိုးတော့မဟုတ်ဘူး။ ရသတစ်ခုဆိုတော့ အသစ်ဖြစ်တာပေါ့။ ကစ်က အငြိမ်ပုံစံမျိုးလေးနဲ့ ဒါရိုက် တာလိုချင်တဲ့ပုံစံမျိုးဖြစ်အောင်တော့ သရုပ်ဆောင် ခဲ့တယ်။ ပရိသတ်ရဲ့ ဘယ်လိုဝေဖန်မှုမျိုးရမလဲဆိုတာ ကစ်လည်း အမှန်အတိုင်းသိချင်တယ်။ ဂရုစိုက်ပြီး လိုက်မေးဖြစ်တယ်။ ဒီကားမျိုးကဆန်းတယ်။ ဝေဖန် ပေးစေချင် တယ်။ ကစ်ကိုမြင်နေကျပုံစံ၊ ဇာတ်ရုပ် မဟုတ်တာမျိုးလည်း ဖြစ်စေ ချင်တယ်။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ ဒီကားအကြောင်း ပြန်ပြီးပုံဖော်ပြီး အဖြေ စဉ်းစားကြည့်နေလိမ့်မယ်လို့ ကစ် ထင်တယ်။ အတွေးတစ်ခုကျန် တယ် ဆိုရင် ကျေနပ်ပါတယ်။ မင်းသား ရော၊ ဒါရိုက်တာရော တိုက်ဆိုင်လို့ ရိုက်ဖြစ်တာလေ” လို့ပြောပြပါတယ်။ ဝတ်မှုံရွှေရည်က ဇန်နဝါရီ ၂၆ ရက်နေ့က အောင်ဇမ္ဗူတောရ ကျောင်း တိုက်မှာ ဆရာတော်နဲ့ သံဃာ တော်များကို အရုဏ်ဆွမ်းနဲ့ နေ့ဆွမ်း ဆက်ကပ်လှူ ဒါန်း ခဲ့ပါတယ်။ လာရောက်ဘုရားဖူးမြော်သူ အယောက် လေးထောင်ကိုလည်း ကြက် သား ပလာတာကျွေးမွေးလှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး..

“ကစ်က တံခွန်တိုင်လှူထားတော့ ပြီးသွားပြီ ဆိုတာနဲ့ ရေစက်ချခဲ့ တယ်။ ကိုယ့်ရဲ့ အနုပညာကြေးတွေထဲက ဖယ်ထား ပြီး တတ်နိုင် သလောက် လှူဖြစ်တာပါ။ ဒီလို အလှူလေးတွေလုပ်ရတာ စိတ်ကိုကြည်လင်စေပြီး ပီတိဖြစ်ရတယ်။ အဲဒီတော့ ပရိသတ်ရဲ့အလှူ ဒါနတွေလည်းပါတာပေါ့” လို့ ပြောပြခဲ့ပါတယ်။

Popular Journal

No comments: