Tuesday, April 08, 2014
မြစ်ဆုံရေကာတာစီမံကိန်းကို ၂၀၀၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီ သဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြပြီး အကောင်အထည်ဖော် ခဲ့ပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းဟာ မြန်မာပြည်ရဲ့မိခင် မြစ်မင်း ဧရာဝတီကို တိမ်ကောပျက်စီးစေမယ့်အပြင် အနီးအနားက ဒေသခံရွာတွေ ကိုပါ ရေလွှမ်းမိုးခံရမှာ ဖြစ်လို့ ဒေသခံများသာမက ပြည်သူတစ်ရပ်လုံးက ဆန္ဒပြကန့်ကွက်ခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။။
ပြည်သူတွေက ဒီလိုမျိုး ၀ိုင်းဝန်းဆန့်ကျင်ခဲ့ကြလို့လည်း ဦးသိန်းစိန်အစိုးရက "ပြည်သူလူထုဆန္ဒ" ကြောင့်ဆိုပြီး လွန်ခဲ့သည့်နှစ် စက်တင်ဘာ လမှာ မြစ်ဆုံရေကာတာစီမံကိန်းကို ဆိုင်းငံ့လိုက်ကြောင်း ကြေ ညာ ခဲ့ရပါတယ်။
လက်ရှိအစိုးရအနေဖြင့် ဆိုင်ငံ့ထားတဲ့ မြစ်ဆုံစီမံကိန်းကို ၂၀၁၃ နှစ် အကုန်ပိုင်းလောက်မှာ CPI ကုမ္ပဏီက ဒေသခံများနှင့် ညှိုနှိုင်းပြီး ပြန်စမည်လို့ သတင်းတွေထွက်ပေါ်လာတာကြောင့် ပြည်သူတွေအနေနဲ့ မြစ်ဆုံစီမံကိန်းကို မမေ့မလျော့စေဖို့ လမ်းလျှောက်ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ ကျွန်တော်တို့ စီစဉ်ခဲ့ပါတယ်။မြစ်ဆုံရေကာတာစီမံကိန်းကို ၂၀၀၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီ သဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြပြီး အကောင်အထည်ဖော် ခဲ့ပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းဟာ မြန်မာပြည်ရဲ့မိခင် မြစ်မင်း ဧရာဝတီကို တိမ်ကောပျက်စီးစေမယ့်အပြင် အနီးအနားက ဒေသခံရွာတွေ ကိုပါ ရေလွှမ်းမိုးခံရမှာ ဖြစ်လို့ ဒေသခံများသာမက ပြည်သူတစ်ရပ်လုံးက ဆန္ဒပြကန့်ကွက်ခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။။
ပြည်သူတွေက ဒီလိုမျိုး ၀ိုင်းဝန်းဆန့်ကျင်ခဲ့ကြလို့လည်း ဦးသိန်းစိန်အစိုးရက "ပြည်သူလူထုဆန္ဒ" ကြောင့်ဆိုပြီး လွန်ခဲ့သည့်နှစ် စက်တင်ဘာ လမှာ မြစ်ဆုံရေကာတာစီမံကိန်းကို ဆိုင်းငံ့လိုက်ကြောင်း ကြေ ညာ ခဲ့ရပါတယ်။
ဒီလမ်းလျှောက်ဆန္ဒပြဖို့အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ကနေ ဦးဆောင်ပြီး မြစ်ဆုံ အထိ လမ်းလျှောက်ဖို့ကို ကျွန်တော်တို့ စီစဉ်ခဲ့ကြပြီး ယခုလမ်း လျှောက်ပွဲမှသည် ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေးစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းသွားမည်ဆိုတဲ့ ယုံကြည်ချက်တွေဖြင့် အဖွဲ့အစည်း အားလုံးကို ပါဝင်ခွင့်ပြုခဲ့ပါတယ်။ လမ်းတစ်လျှောက် လိုအပ်တဲ့ ကျန်းမာရေး၊ စားရေး၊ သောက်ရေးတွေ စီစဉ်နိုင်ရေး အတွက်လည်း ရန်ပုံငွေစုဆောင်း တာတွေ၊ အလှူခံတာတွေကို ကျွန်တော်တို့ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ကြရ ပါတယ်။ ကျွန်တော်တို့ လမ်းလျှောက်မယ့် လမ်းတစ်လျှောက်မှာရှိတဲ့ မြို့၊ရွာတွေမှာလည်း မြစ်ဆုံစီမံကိန်းနဲ့ ပက်သက်တဲ့ ဆွေးနွေးပွဲတြွေ ပုလုပ်ဖို့၊ မြစ်ဆုံကိုပြည်သူတွေ မေ့လျော့မသွားစေဖို့ နှိုးဆော်ရေးအတွက်လည်း အစီစဉ်တွေ ရေးဆွဲခဲ့ကြပါတယ်။
အားလုံးစီစဉ်ပြီးတာနဲ့ ကျွန်တော်တို့ အဖွဲ့က လူအင်အား ၁၀၀ ကျော်နဲ့ ရန်ကုန်မြို့ကနေပြီး မတ်လ ၂၃ ရက်နေ့မှာ စထွက်ခဲ့ကြပါတယ်။ ကျန်းမာရေး၊ စားရေး၊ သောက်ရေး၊ တစ်ခြားလိုအပ်မယ့် ပစ္စည်းပစ္စယတွေ တင်ဖို့နဲ့ လမ်းမှာနာမကျန်းဖြစ်မယ့်သူတွေအတွက် ကားနှစ်စီးကိုလည်း အရန် သင့်ငှားလာခဲ့ကြပါတယ်။ မတ်လ ၃၀ ရက်နေ့မှာတော့ ကျွန်တော် တို့အဖွဲ့ ပြည်မြို့ကိုရောက်ရှိပြီး ပဲခူးတိုင်း၊ ပြည်မြို့က နိုင်ငံရေး အင်အားစုများ ကလဲ ၀င်ရောက်လမ်းလျှောက်ပြီး ( မြစ်ဆုံဆည်စီမံကိန်း အပြီး ရပ် ၊ ဧရာဝတီကို ဖျက်ဆီးသူ ဒို့ရန်သူ ၊ ဧရာဝတီကို ကယ်တင်ရေး ဒို့အရေး) ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ် ။
အဲ့ဒီကနေတစ်ဆင့် အောင်လံမြို့၊ မကွေးမြို့တွေကို ဖြတ်လျှောက်လာပြီးချိန်၊ မကွေးမြို့ အထွက် မှာတော့ လမ်းတစ်လျှောက် သုံးစွဲခဲ့တဲ့ ငွေကြေးတွေကို စာရင်းရှင်းဖို့၊ ရထားတဲ့ ရန်ပုံငွေအသုံးစာရင်းတွေ ရှင်းလင်းဖို့ လုပ်ရာမှာတော့ ဘယ်လိုမှ ယုံကြည်နိုင်ဖွယ်ရာမရှိတဲ့ စာရင်းတွေကို တွေ့ရပါတော့တယ်။ အသေးစိတ်ကို ပြန်ရေးပြဖို့ကိုတောင် ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။
နာမည်ကြီးလိုသူတွေ၊ ငွေကြေးမျှော်ကိုးသူတွေရဲ့ ပေါ်ပင်လိုက် ပါဝင်မှုကြောင့်လည်း မြစ်ဆုံ အရောက် လမ်းလျှာက်ဆန္ဒပြမယ်ဆိုတဲ့ ကျွန်တော်တို့ ရည်ရွယ်ချက်ဟာ တဖြည်းဖြည်း ပျက်စီးလာခဲ့ပါတယ်။ မြို့အ၀င်၊ မြို့အထွက်တွေမှာ၊ သတင်းထောက်တွေရှေ့ မှာတော့ ရှေ့ ဆုံးကနေ ဗီနိုင်းကိုင်၊ စာတမ်းကိုင်ပြီး သူ့ထက်ငါ ရှေ့ရောက်အောင် လမ်းလျှောက်ပြကြပေမယ့်၊ သူတို့ ကွယ်ရာအရောက်မှာတော့ လမ်းမလျှောက်တော့ဘဲ ခရီးလမ်းတစ်လျှောက် ကားနဲ့၊ ဆိုင်ကယ်တွေနဲ့သာ သွားလာတဲ့သူတွေ များများလာပါတယ်။ လမ်းတစ်လျှောက် မှာ ပြည်သူတွေ ဆီက အလှူငွေတွေကျ လက်ခံပြီး ပြည်သူမျက်နှာကိုမှမထောက် ကိုယ်ထင်ရာကိုယ်လုပ်နေကြတာကိုကြည့်ပြီး ဒီလမ်းလျှောက်ဆန္ဒဖော်ထုတ်မှု ခရီးစဉ်ဖြစ်မြောက်ရေးအတွက် စတင်လှုပ်ရှားခဲ့သူတစ်ဦးအနေနဲ့ စိတ်မကောင်းဖြစ်လာရတယ်။။
ကျွန်တော်တို့ကတော့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ အစပျိုးခဲ့တဲ့ ဆန္ဒဖော်ထုတ် လမ်းလျှောက်ပွဲကြီး ဟာ မြန်မာပြည်နိုင်ငံရေး အဖွဲ့အစည်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ငွေကြေးအရှုပ် အရှင်းတွေ၊ အချောင်ခို သမားတွေ၊ နာမည်ကြီးချင်သူတွေ ပေါ်ထွက်လာတာကို စိတ်မကောင်းကြီးစွာ မြင်ခဲ့ရပါတော့တယ်။ ဒီလို ဖရိုဖရဲ အလဲလဲအကွဲကွဲနဲ့ သူတစ်လူ၊ငါတစ်မင်း သွားတော့မယ့်အစား ဒီအဖွဲ့ကနေနှုတ်ထွက်ဖို့ကိုပဲ ကျွန်တော်ရွေးချယ် လိုက်ပါတယ်။
ကျွန်တော်တို့ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကို ကျွန်တော့်အသက်လောက်ချစ်ပါတယ်။ ဒီ့အတွက်လည်း မိခင်ဧရာဝတီကို ကယ်တင်နိုင်ဖို့ လမ်းလျှောက်ဆန္ဒဖော်ထုတ်ဖို့ စတင်စီစဉ်သူတွေထဲမှာ အားကျိုးမာန်တက်ပါဝင်ခဲ့၊ အပင်ပန်းခံခဲ့တာပါ။ ဒါပေမယ့် ဧရာဝတီကို နာမည်ခံပြီး ခုတုံးလုပ်မှာကိုတော့ ကျွန်တော့လိပ်ပြာမလုံတဲ့အတွက် စိတ်မကောင်းခြင်းကြီးစွာနဲ့ ဒီအဖွဲ့ကနေ လမ်းခွဲခဲ့ရပါတယ်။ ဒဏ်ရာတွေပြည့် နေတဲ့ မြစ်မင်းဧရာဝတီကို ထပ်ပြီး နာမည်မဖျက်ကြ ပါနဲ့တော့လို့ ကျေးဇူးပြုပြီး တောင်းဆိုလိုက်ပါတယ်ဗျာ။
လမ်းလျှောက်အဖွဲ့မှနှုတ်ထွက်ခဲ့သူတစ်ဦး
credit to : Thurain aung
No comments:
Post a Comment