Tuesday, April 08, 2014
ပူးတွဲသတင်းထုတ်ပြန်ချက်
၂၀၁၄ခုနှစ်၊ ဧပြီလ ၈ ရက် ၊ရန်ကုန်မြို့
၁။ ၂၀၁၄ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ မြန်မာနိုင်ငံငြိမ်း ချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် “တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့” (NCCT) မှ ကိုယ်စားလှယ်များသည် ပွင့်လင်းရင်းနှီးစွာဖြင့် အကြေအလည် ဆွေးနွေး ခဲ့ကြပါသည်။
၂။ ဆွေးနွေးပွဲသို့ သီးခြားဖိတ်ကြားထားသော အဖွဲ့ (၅) ဖွဲ့ဖြစ်သည့် ABSDF, NDAA, NSCN-K, RCSS-SSA, UWSA တို့မှကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ခဲ့ကြကာ ၄င်းတို့၏သဘောထားများ ကို ဆွေးနွေးခဲ့ကြပါသည်။
၃။ အားလုံးသဘောတူညီသည့် တစ်ခုတည်းသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်(Single Text)မူကြမ်း တစ်စောင် ရရှိရေးအတွက် ယခင်ဆွေးနွေးပွဲမှ အတည်ပြုခဲ့သော ခေါင်းစဉ်များဖြစ်သည့် နိဒါန်းနှင့် အခန်း(၇)ခန်းကို အသေးစိတ်အချိန်ယူ ဆွေးနွေးခဲ့ကြပါသည်။ တစ်ခုတည်းသော သဘောတူညီချက် (Single Text) (ပထမမူကြမ်း)ကို သဘောတူညီခဲ့ကြပါသည်။ပူးတွဲသတင်းထုတ်ပြန်ချက်
၂၀၁၄ခုနှစ်၊ ဧပြီလ ၈ ရက် ၊ရန်ကုန်မြို့
၁။ ၂၀၁၄ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ မြန်မာနိုင်ငံငြိမ်း ချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် “တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့” (NCCT) မှ ကိုယ်စားလှယ်များသည် ပွင့်လင်းရင်းနှီးစွာဖြင့် အကြေအလည် ဆွေးနွေး ခဲ့ကြပါသည်။
၂။ ဆွေးနွေးပွဲသို့ သီးခြားဖိတ်ကြားထားသော အဖွဲ့ (၅) ဖွဲ့ဖြစ်သည့် ABSDF, NDAA, NSCN-K, RCSS-SSA, UWSA တို့မှကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ခဲ့ကြကာ ၄င်းတို့၏သဘောထားများ ကို ဆွေးနွေးခဲ့ကြပါသည်။
၎။ နှစ်ဖက်ကိုယ်စားလှယ်များမှ ၂၀၁၄ခုနှစ်၊ မေလ ပထမ အပတ်တွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူညီခဲ့ကြပါသည်။
၅။ နှစ်ဖက်ကိုယ်စားလှယ်များအားလုံးသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေး နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံးပေါ်ပေါက်လာအောင် ဆက်လက် ၀ိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြ ပါသည်။
DVB TV News
No comments:
Post a Comment