Monday, April 07, 2014

ထာဝရငြိမ်းချမ်းရေးကြီး တကယ်ရရှိတော့မှာလား

Monday, April , 7, 2014

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်းရေးဆွဲညှိနှိုင်းအစည်းအဝေးကြီးက ယခုပြုလုပ်လျက်ရှိပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၊ တပ်မတော်မှ ထိပ်တန်းအရာရှိကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိုနှိုင်းအဖွဲ့ NCCT အဖွဲ့ဝင်များ တက်ရောက်နေကြ တယ်လို့ သိရပါတယ်။

ဒီအချိန်မှာ တွေးမိတာက မြန်မာပြည်ကြီး ငြိမ်းချမ်းရေးတကယ်ရရှိတော့မှာလားဆိုတဲ့ အတွေးလေးတစ်ခုပါ။ နှစ်ပေါင်းမြောက်မြားစွာ တိုင်းရင်းသားများ အမျိုးမျိုးသောအကြောင်းများဖြင့် လက်နက်စွဲကိုင် တိုက်ခိုက်ခဲ့ကြပြီး မြန်မာနိုင်ငံရှိ နေရာတော်တော်များများတွင် မငြိမ်မသက်မှုတွေ ဖြစ်ခဲ့တာကြာခဲ့ပါပြီ။ ဒါပေမဲ့ အဓိက ဆင်းရဲဒုက္ခရောက်ခဲ့ကြတာကတော့ ပြည်သူလူထုတွေပဲ ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထု အားလုံးက အေးအေးချမ်းချမ်းလေးနေချင်ခဲ့ကြာတာ ကြာခဲ့ပါပြီ။ ငြိမ်းချမ်းရေးကြီး ရရှိသွားရင်တော့ ၀မ်းသာစရာ ပါပဲ။ ဆွေးနွေးတဲ့နေရာမှာလည်း မိမိနိုင်ငံကြီးအတွက်ခံစားပြီး ငြိမ်းချမ်းရေးတကယ်ရရှိချင်တဲ့သဘောနဲ့ ဆွေးနွေး အဖြေရှာရင်တော့ ပိုကောင်းမှာပေါ့။ “ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး”လို့ ပြောနေရင်းနဲ့ပဲ တစ်ဖက်နဲ့တစ်ဖက် ပစ်ကြ ခတ်ကြနဲ့ နှစ်ဖက်စလုံးမှ စစ်သားများ သေကြေနေကြတာလည်း မဖြစ်သင့်တော့ပါဘူး။

ဘယ်ဘက်ကပဲသေသေ တကယ်တော့ နောက်ဆုံးနိုင်ငံအတွက် ဆုံးရှုံးမှုတွေပါပဲ။ သက်ဆိုင်ရာဒေသမှာရှိတဲ့ ပြည်သူတွေကလည်း ငြိမ်းချမ်း ရေးဆိုပြီး ၀မ်းသာလိုက်၊ တိုက်ပွဲတွေပြန်ဖြစ်လိုက်နဲ့ နောက်ဆုံးငြိမ်းချမ်းရေးကို မယုံရဲလောက်အောင်ပဲ ဖြစ်နေကြ ပါပြီ။ တစ်ဖက်နဲ့တစ်ဖက် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ နေထိုင်ကျင့်ကြံသွားမှာဆိုရင် တိုက်ပွဲတွေ ဖြစ်လာနိုင်စရာမရှိတော့ပါဘူး။

ကိုယ်ကျိုးအတ္တများကိုလျော့ပြီး ဒေသခံပြည်သူများရဲ့ မျက်နှာတွေကိုကြည့်ပြီး ဆောင်ရွက်ရမယ့်အချိန်တွေ ရောက်နေပါပြီ။ သတင်းတစ်ပုဒ်မှာဖတ်လိုက်ရတာက တိုင်းရင်းသားတွေဘက်က ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘူးလို့ ဖတ်လိုက်ရပါတယ်။ တကယ်တော့ ဒေသခံတိုင်းရင်းသားပြည်သူတွေက လက်မခံတာ လား၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက လက်မခံတာလားဆိုတာ စဉ်းစားရပါ့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံဟာ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားပြည်သူများအားလုံးက (၉၂.၄၈) ရာခိုင်နှုန်းနဲ့ ထောက်ခံ အတည်ပြုပေးထားတဲ့ ဖွဲ့စည်းပုံဖြစ်ပါတယ်။

အတ္တတွေ လျော့ချနိုင်မှ ထာဝရငြိမ်း ချမ်းရေးကြီး တကယ်ရရှိနိုင်မှာ ဖြစ်ပါတယ်။ ထာဝရငြိမ်းရေးတည်ဆောက်ရာမှာ “စေတနာ” နဲ့ “ရိုးသားမှု” ဟာ အရေးကြီးပါတယ်။ ထာဝရငြိမ်း ရေးကို မတည်ဆောက်နိုင်ရင် အားလုံးအတွက် ကပ်ဆိုးကျ ရောက်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားအားလုံးဟာ တူညီတဲ့အနာဂတ်နဲ့ မျှဝေခံစားရမယ့် ကံကြမ္မာရှိနေလို့ပါ။

အခုအချိန်အခါဟာ မြန်မာနိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်ရမယ့် အချိန်အခါကောင်းဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့ ပထမဆုံးသမ္မတရဲ့သက်တမ်းဟာလည်း တဖြည်းဖြည်းနဲ့ကုန်ဆုံးတော့မှာပါ။ ပြဿ နာတွေရှင်းရင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ရင်းနဲ့ပဲ အဆုံးသတ် တော့မှာလား??

အခုအချိန်အခါမှာ ထာဝရငြိမ်းချမ်းရေးရရှိထားမှသာ နောင်တက်လာမယ့် သမ္မတတွေဟာ အမိ မြန်မာနိုင်ငံကြီးတိုးတက်ခေတ်မီဖို့အတွက် ဇောက်ချ လုပ်ဆောင်လာနိုင် မှာပါ။ အခုအချိန်အခါမှာ ထာဝရ ငြိမ်းချမ်း ရေး မရခဲ့ရင် နောက်တက်လာမယ့်သမ္မတများကလည်း ငြိမ်းချမ်း ရေးရ ရှိအောင် ဆောင်ရွက်နေရင်းနဲ့ပဲ နိုင်ငံတက်တိုးဖို့ လစ်ဟာသွားနိုင်ပါတယ်။ အခုအချိန်အခါမှာ ထာဝရငြိမ်းချမ်းရေးရရှိဖို့ တိုင်းရင်းသားလူမျိုး အားလုံး ဆောင်ရွက်ရ မယ့် အထူးတာဝန်ကြီး တစ်ရပ်ဖြစ်ပါကြောင်း………

ကောလင်းလေး

https://www.facebook.com/pages/Online-Update-News/417993751653144

No comments: