Wednesday, January 14, 2015
လမ်းမတော်မြို့နယ်ရှိ ဗဟိုစည်ဆေးရုံ၏ သားဖွားဆောင် တွင် ဇန်န၀ါရီ ၁၃ ရက် နေ့လယ်က ၀ိုင်ယာရှော့ခ်မှတစ်ဆင့် ၁၀ မိနစ်ခန့်ကြာ မီးလောင်မှု ဖြစ် ပွားခဲ့သည်။
လမ်းမတော်မြို့နယ်ရှိ ဗဟိုစည်ဆေးရုံ၏ သားဖွားဆောင် တွင် ဇန်န၀ါရီ ၁၃ ရက် နေ့လယ်က ၀ိုင်ယာရှော့ခ်မှတစ်ဆင့် ၁၀ မိနစ်ခန့်ကြာ မီးလောင်မှု ဖြစ် ပွားခဲ့သည်။
‘‘မျက်နှာကြက်မှာ တပ်ထား တဲ့ မီးချောင်းချုပ် အပူလွန်ကဲပြီး ၀ိုင်ယာရှော့ခ်ဖြစ် တာကတစ်ဆင့် အောက်မှာရှိတဲ့ ဆိုဖာပေါ်ကို မီး ချောင်းပြုတ်ကျပြီး စလောင်တာ ပါ’’ ဟု မီးစတင်လောင်သည့် အ ကြောင်းရင်းကို ရန်ကုန်တိုင်း မီး သတ်ဦးစီး ဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
ဇန်န၀ါရီ ၁၃ ရက် နေ့လယ် ၁၂ နာရီကျော်တွင် စတင်လောင် ကျွမ်းခဲ့ပြီး ၁၀ မိနစ်ခန့် မီးလောင်ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်နှစ်သိန်းကျော်ဖိုး ရှိခဲ့သည်ဟု မီး သတ်ဦးစီးဌာနက သတင်းထုတ် ပြန်သည်။
ယင်းမီးလောင်မှုနှင့် ပတ် သက်၍ ဗဟိုစည်ဆေးရုံမှ လျှပ်စစ် တာဝန်ခံကို လမ်းမတော်မြို့နယ် ရဲစခန်း၌ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။
ဇန်န၀ါရီ ၁၃ ရက် နံနက် ၈ နာရီခွဲခန့်ကလည်း မြောက်ဥက္က လာပမြို့ နယ် ရွှေပေါက်ကံမြို့နယ် (၁၁) ရပ်ကွက်၌ မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် ၁၀ မိနစ်ခန့် မီး လောင်ခဲ့ရာ သွပ်မိုးထရံကာ နေ အိမ်တစ်လုံး မီးလောင်ဆုံးရှုံး ခဲ့ ကြောင်း သတင်းရရှိသည်။
7Day News Journal
No comments:
Post a Comment