Wednesday, January 14, 2015

ဝတ်စုံဒီဇိုင်းကြောင့် Golden Globes ဆုပေးပွဲတွင် ဂျေလိုအရွန်းဖောက် ခံရ


Wednesday, January 14, 2015

ဇန်နဝါရီ ၁၁ ရက် တွင် ကျင်းပခဲ့သည့် (၇၂) ကြိမ်မြောက် Golden Globes ဆုပေးပွဲအခမ်းအနား၌ ဆုရရှိသူတစ်ဦးကို ကြေ ညာပေးစဉ်သူ မဝတ်ဆင်လာသည့်ဝတ်စုံကြောင့် ဂျနီဖာလိုပတ်ဇ်တစ်ယောက်အရွန်း ဖောက်ခံခဲ့ရသည်ဟု သိရသည်။


အသက် ၄၅ နှစ်အရွယ် ဂျေလိုသည် ဆုပေးပွဲအခမ်းအနားသို့ ပုရိသအကြိုက် အဖြူရောင်ဂါဝန်ဖြင့် တက်ရောက်ခဲ့ပြီး ရင်သား ကို ဖော်ပြ လွန်းသော သူမဂါဝန်၏ဒီဇိုင်းကြောင့် တွဲဖက်အစီအစဉ်တင် ဆက်သူ၏ အရွန်းဖောက်မှုခံခဲ့ရသည်။

ကမ္ဘာကျော်အဆိုတော်မင်းသမီးဂျေလိုက အကောင်းဆုံးဆုတစ် ဆုကို မကြေညာပေးခင် ''ဘယ်သူလဲ ဆိုတာရှင်တို့သိချင် နေ မှာပေါ့၊ ကျွန်မဘယ်သူလဲဆိုတာ ပြောပါတော့မယ်'' ဟု ပြောကြားခဲ့သည်။

ထို့သို့ပြော ကြားနေစဉ်မှာပင် သူမနှင့်အတူ အစီ အစဉ်တင် ဆက်သူအဖြစ် ဆောင်ရွက်နေသူ ဂျရမီရန် နာက တစ်ဝက်နီး ပါးပေါ်နေသော သူမ၏ရင် သားများကို ကြည့်ကာ ''မင်း မှာလည်း ကမ္ဘာလုံးတွေ Globes ရှိနေတာ ပဲနော်''ဟု အရွန်းဖောက် ခဲ့ခြင်းဖြစ်သည်။

ရန်နာ၏ အရွှန်းဖောက်မှုကြောင့် ဂျေလိုအပါ အဝင်ပရိသတ် များသဘောကျခဲ့ပြီး ဂျေလိုက ဟန်မပျက်ပင် ဆုရသူ နာမည်ကို ဆက် လက် ကြေညာသွားခဲ့ သည်ဟု သိရသည်။

ဂျေလို၏ ပွဲတက်ဝတ်စုံ ကို ဒီဇိုင်နာဖူးရက်က ဖန်တီးပေးခဲ့ခြင်းဖြစ် ပြီး ဂျေလိုက ထိုဝတ်စုံ ကို အမှန်တကယ်နှစ် သက်သည်ဟု ဆိုသည်။

Ref : Daily Mail
Democracytoday

No comments: