Monday, January 12, 2015

KIA-တို့၏ လူ့အခွင့်အရေးချိုးဖောက်မှု တိုင်ရမည့်နေရာ မရှိ

Monday, January 12, 2015

ယနေ့(၁၁-၁-၂၀၁၅)နေ့ ညနေ(၄း၃၀)နာရီအချိန်မှ (၅း၃၀)နာရီအချိန်ထိ မြစ်ကြီနားမြို့ ခေမာသီရိရပ်ကွက် သျှမ်းမျိုးနွယ်စုများဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြရာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်လိုက်ပါလျက် အမေရိကန်နိုင်ငံအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီလူ့အခွင့်အရေး-ဒုဝန်ကြီး Tom Malinowski နှင့်သံရုံးအဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး လူအခွင့်အရေးတာဝန်ခံ မစ်သူငွင်တို့နှင့်တွေ့ဆုံ ခဲ့ကြသည်ဟုသိရသည်။


အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မှရောက်ရှိလာသော လူ့အခွင့်အရေးဒုဝန်ကြီး မှပြောကြားရာတွင် ကချင်ပြည်နယ်တွင်းရှိ ဒေသခံသျှမ်းမျိုးနွယ်စုများ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုဖြစ်စဉ် ပြည်သူလူထု့၏အသံကို လာရောက်နားထောင်ပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ ဒေသခံများ၏ ဖြစ်ပျက်တွေ့ကြုံနေရသည့် အနေအထားကို လာရောက်လေ့လာ စုံစမ်းခြင်းဖြစ်ကြောင်းနှင့် ယင်းအခြေအနေများကို ပြည်ထောင်စုနိုင်ငံတော် အစိုးရအား ပြန်လည်တင်ပြပြီး လိုအပ်သည်များကို အကြံပြုပေးသွား မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံရေး အခိုင်အမာ တည်ဆောက်နေပါကြောင်း၊ မြန်မာနိုင်ငံ၏ အရေးသည် မိမိတို့အရေးဟုမှတ်ယူပါကြောင်း၊ KIA-တိုင်းရင်းသားခေါင်းဆောင်များ ကိုလည်းတွေ့ဆုံ၍ တိုင်းရင်းသားရင်ကြားစေ့ရေး၊ အတူတကွယှဉ်တွဲနေထိုင်ရေး စသည့်လိုအပ်သည့်အကြံဥာဏ်များ ပေးသွားမည်ဖြစ်ကြောင်း၊ KIO/KIAအဖွဲ့နှင့်လည်း တွေ့ဆုံဆွေးနွေး၍ မိမိတို့ခံစားနေရမှုများကို ပြောကြားဖို့လိုအပ်ကြောင်း ပြောကြားသွားသည်ဟု သိရသည်။

သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့-S.E.Aမှ ပြန်လှန်ဆွေနွေးရာတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးလိုက်ပါလျက် အမေရိကန်နိုင်ငံ ဒီမိုကရေစီ လူ့အခွင့် အရေး ဒုဝန်ကြီးနှင့်အဖွဲ့ စုံညီစွာလာရောက်တွေ့ဆုံ ဆွေးနွေးပေးခြင်းကို ၀မ်းသာပါကြောင်း၊ KIA၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တိုင်းစရာနေရာ မရှိ၊ အရေးယူပေးမည့်သူမရှိ ဖြစ်နေပါကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းပေးစေ လိုပါကြောင်း၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင်လည်း ပြည်သူလူထု အခြေပြုသည့် လူမှုအဖွဲ့အစည်းများ ပါဝင်သင့်ကြောင်း၊ KIO/KIAအဖွဲ့နှင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင် ရန် ပြည်နယ်အစိုးရ၏ ပံ့ပိုးမှုလိုအပ်ပါကြောင်း၊ ယခင် P.C.G နှင့် T.A.T-အဖွဲ့တို့ဖြင့် ဆက်သွယ်ဆွေးနွေးနိုင်ခဲ့သော်လည်း တွေ့ဆုံမှုအားနည်းမှုကြောင့် အလှမ်းဝေနေကြောင်း၊ ၁၉၆၂-ခုနှစ်မှစ၍ လက်နက်ကိုင် KIA-အဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို သျှမ်းမျိုးနွယ်စု ရေးရာအဖွဲ့မှ နည်းမျိုးစုံဖြင့် ဖော်ထုတ်ဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံသိ/ကမ္ဘာသိ ဖြစ်ခဲ့ရပါကြောင်း၊ ယခုအခါ လူကြီးမင်းတို့တို့ကိုလည်း တင်ပြနိုင်ခဲ့ပြီးဖြစ် ကြောင်း၊ လူကြီးမင်းတို့၏ နိုင်ငံရေးမှုဝါဒသည် လူ့အခွင့်အရေးချိုးဖောက်မှုကို လက်မခံသော နိုင်ငံဖြစ်သည့်အလျှောက် ယခုအခါ ကျွန်ုပ်တို့ကချင်ပြည်နယ်ရှိ ဒေသခံသျှမ်းမျိုးနွယ်များ၏ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို စိတ်ဝင်တစား လာရောက်တွေ့ဆုံ ဆောင်ရွက်ပေးသည့်အတွက် တစ်ချိန်ချိန်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်ဆိုင်းပျောက်ကွယ်သွား လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။

Sai Thar Zone
Northern-Myanmar

No comments: