NEJ/၂၃ အောက်တိုဘာ ၂၀၀၈
အမေရိကန်နိုင်ငံမှ အစပြုပြီး ကမ္ဘာတ၀ှမ်း ငွေကြေးဈေးကွက်များ ကြုံတွေ့နေရသည့် အကျပ်အတည်းကိစ္စသည် ရာစုနှစ်တခုတွင် တကြိမ်သာကြုံရသည့် ကြွေးမြီဆူနာမီဘေးဆိုးကြီးနှင့်တူသည်ဟု အမေရိကန် ဗဟိုဘဏ်ဥက္ကဌဟောင်း အယ်လင်ဂရင်းစပန်က ပြောကြားသည်။
အမေရိကန်လွှတ်တော်ကြားနာပွဲတွင် အမေရိကန် ဗဟိုဘဏ်ဥက္ကဌဟောင်း အယ်လင်ဂရင်းစပန်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ ကြုံတွေ့နေရသည့် ငွေကြေးအကျပ်အတည်းအခြေအနေအရ အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့နှုန်း သိသိသာသာ ထိုးတက်လာမည်ဖြစ်ပြီး အမေရိကန် အိမ်ဈေးကွက်နလံထူဖို့မှာလည်း လပေါင်းများစွာ ကြာလိမ့်မည်ဟုပါ မစ္စတာ ဂရင်းစပန်က ပြောသည်။

အယ်လင်ဂရင်းစပန်သည် ထင်ရှားသည့် စီးပွားရေးပညာရှင်တဦးဖြစ်ပြီး အမေရိကန် ဗဟိုဘဏ်ဥက္ကဌအဖြစ် ၁၉၈၇ ခုမှ ၂၀၀၆ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ်အစောပိုင်း သို့မဟုတ် ၂၀၀၈ ခုမတိုင်မှီ အမေရိကန်နိုင်ငံ စီးပွားကပ်ဆိုက်နိုင်သည်ဟု အယ်လင်ဂရင်းစပန် ၂၀၀၇ ခုနှစ်က ပြောခဲ့သည်။ ယနေ့ အမေရိကန်နိုင်ငံ ကြုံတွေ့နေရသည့် ငွေကြေးအကျပ်အတည်းအတွက် အယ်လင်ဂရင်းစပန်မှာ တာဝန်ရှိသည်ဟု မကြာခင်က နိုဘဲဆုဆွတ်ခူးခဲ့သူ အမေရိကန်စီးပွားရေးပညာရှင် ပေါလ်ခရွတ်မန်းက စွပ်စွဲသည်။
အကျယ်ဖတ်ရန်
No comments:
Post a Comment