Thursday, November 06, 2008

ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်မှကျောက်နဂါး

6.11.2008
ပူတာအိုခရိုင်၊ မချမ်းဘောမြို့ ၊ မချမ်းဘော့-ခေါင်လန်ဖူးကားလမ်းမြောက်ဘက်တွင် ကျောက်နဂါး တည်ရှိ ပါသည်။

ရှေးနှစ်ပေါင်းများစွာက မချမ်းဘောမြို့တွင် အလွန်ဆင်းရဲသည့် အဖွားအိုနှင့်မြေးမလေးနှစ်ဦးရှိခဲ့ပြီး သူတို့ နှစ်ဦး မလိခမြစ်ကမ်းဘေးသွားစဉ် မြစ်အတွင်းရှိ နဂါးကြီးမှ မြေးမလေးအား ဆွဲယူသွားသဖြင့် အဖွားအိုမှာ ကျိန်ဆဲ လိုက်ရာ နဂါးကြီးအား မိုးကြိုး (၃)ချက် ထိမှန်ခဲ့ကြောင်း၊သို့ဖြစ်၍ နဂါးကြီးမှာ ကုန်းပေါ်သို့ ပြေးတက်ရာ လက်ရှိ နေရာတွင် နောက်ဆုံးမိုးကြိုးထိမှန် သေးဆုံးခဲ့ကြောင်း၊ ထိုအချိန်မှစ၍ နဂါးအရိုးစုသည် ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ယခုအချိန်ထိ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပါးစပ်ရာဇ၀င်နှင့် ဒဏ္ဍာရီ အရ သိရှိရပါသည်။

ကျောက်နဂါး၏ ခေါင်းမှအမြီးထိအရှည်မှာ ၁၂၂ ပေ ရှည်ပြီး ဗျက် ၄ ပေ ခန့်ရှိကာ မချမ်းဘောမြို့နယ်၊ နမ်းခမ်းရွာ၊ နောင်ခိုင်ရွာ နှင့် လန်းတောင်ရွာတို့မှ ဒေသခံရှမ်းလူမျိုးများက နဂါး၏ ကျောက်ဖြစ်ရုပ်ကြွင်းဟု ယုံကြည်လျက် ဆီမီးအမွှေးတိုင်၊ နွားနို့၊ ပေါက်ပေါက်၊ ကြက်ဥ တို့ဖြင့် ယနေ့တိုင်ပူဇော်ပသလျှက် ရှိကြပါသည်။


မလိခမြစ်အတွင်း ရေနစ်သေဆုံးပါက နဂါးဆွဲယူသည်ဟု ဒေသခံများကယနေ့တိုင် ယုံကြည်လျှက်ရှိကြောင်း သိရှိရပါသည်။

No comments: