Thursday, November 20, 2008

လုပ်သားအများအပြား လျှော့ချခြင်းကို တရုတ်အစိုး ရတားဖြစ်

19/Nov/2008

တရုတ်နိုင်ငံ၏ ပြည်ပဈေးကွက်များသည် စီးပွားရေး၊ အကျဘက်သို့ ရောက်ရှိနေသဖြင့် ပြည်ပမှ အမှာစာများ၊ များစွာ လျော့နည်းခဲ့သည်။
ထို့ကြောင့် ကုန်ပစ္စည်း ထုတ်လုပ်သည့် ဒေသများတွင် အလုပ်အကိုင် လျော့ချမှု အများအပြားရှိခဲ့သည်။ ရှန်တုန်း ပြည်နယ်တွင် ယခုနှစ် အတွင်း လုပ်သား အင်အား (၇)သိန်းနီးပါး လျှော့ချခဲ့သည်။ ထိုနည်းတူ ကွမ်တုံပြည်နယ်တွင် လုပ်ငန်းပေါင်းသောင်းချီ၍ ပိတ်ခဲ့ရသည်။

အလုပ်လက်မဲ့များ တိုးပွားလာပါက လူမှုရေး မငြိမ်မသက်မှု ဖြစ်မည်ကို စိုးရိမ်ရသည်။ ထို့ကြောင့် ပြည်နယ်နှစ်ခုမှ ကုမ္ပဏီအများအား ၀န်ထမ်း(၄၀)ထက်ပို၍ လုပ်ငန်းရပ်နားပါက အစိုးရ၏ ခွင့်ပြုချက် ရယူရမည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။ ထို့ကြောင့်အချို့သောလုပ်ငန်းများက၀န်ထမ်းများအားထုတ်ပယ်ခြင်းမပြုပဲ လစာလျှော့ချရန် စီစဉ် လျှက်ရှိသည်။ (ဘီဘီစီ)


No comments: