Thursday, November 20, 2008

အိန္ဒိယ၏ IT ကဏ္ဍ အထိနာ

19/Nov/2008
အမေရိကန်စီးပွားရေး ကျဆင်း၍ အိန္ဒိယ၏ ရူပီးငွေတန်ဖိုး တက်သဖြင့် အိန္ဒိယနိုင်ငံ၏ နည်းပညာအချက်အခြာ ဖြစ်သော ဘန်ဂလိုမြို့၏ စီးပွားရေး သည် အထိနာလျှက် ရှိသည်။ တစ်ချိန်က လုပ်သားအင်အား များစွာရှိ၍ လစာကောင်းကောင်း ပေးထားနိုင် သော်လည်း IT ကုမ္ပဏီများသည် ယခုအခါလုပ်သား အင်အား လျှော့ချခြင်း၊ လစာဖြတ်တောက်ခြင်းများကို ပြုလုပ်လျှက် ရှိကြသည်။ အိန္ဒိယ IT ကဏ္ဍသည် အမေရိကန်ဈေးကွက်ကို အလွန်အမင်း အားထားနေရသည်။ ၀င်ငွေ ထက်ဝက်ကျော်ကို အမေရိကန်မှပင် ရရှိသည်။ ပြည်ပဈေးကွက် အခြေအနေ မကောင်းသဖြင့် ပြည်တွင်းဈေးကွက်ကို ချဲ့ထွင်လာကြသည်။ (စီအန်အေ)

No comments: