Thursday, November 20, 2008

“ KAV Ampicillin BP 250mg Capsule ” ဆေးအတု ရောင်းချနေကြောင်းကို ကြေမုံသတင်းစာမှ ဖော်ပြချက်


ဈေးကွက်များတွင် “ KAV Ampicillin BP 250mg Capsule ” ဆေးအတု ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိ


19/Nov/2008

ဈေးကွက်များတွင် ထုတ်လုပ်သူကုမ္ပဏီအမည်ဖော်ပြထားခြင်းမရှိသည့် Media in R.P.C ဟုဖော်ပြထားသော “KAV Ampicillin BP 250mg Capsule ” ဆေးအတုရောင်းချနေကြာင်းစစ်ဆေးတွေ့ရှိရပါသည်။ဈေးကွက်မှ ရရှိသည့် အဆိုပါ “KAV Ampicillin BP 250mg Capsule ” မှာ မြန်မာနိုင်ငံတွင် ဆေးဝါး မှတ်ပုံတင်ထားခြင်း မရှိပါကြောင်းနှင့် ဆေးဘူးခွံမှာသေသပ်ခိုင်မာခြင်း မရှိပါကြောင်း တွေ့ရှိရပါသည်။ အဆိုပါဆေးကို ဓါတ်ခွဲစမ်းသပ်ရာတွင် ဆေးဝါးအာနိသင်“လုံးဝ” (လုံးဝ) မပါရှိပါကြောင်း ဆေးဝါးအတု ဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ ဆေးဝါးအတု၊ စံမညီဆေးဝါး များကို မှီဝဲသောရောဂါဝေဒနာရှင် များသည် စရိတ်များစွာကုန်ကျသည့်အပြင် မိမိတို့ ခံစားနေရသော ရောဂါများ ပျောက်ကင်းခြင်း(လုံးဝ) မရှိဘဲ ပိုမိုဆိုးရွားသော အခြေအနေကို ဆိုက်ရောက်နိုင်ပါသည်။ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ ရောင်းချခြင်းလုံးဝ မပြုပါရန်စစ်ဆေးဖော်ထုတ် တွေ့ရှိရပါက အမျိုးသားဆေးဝါးဥပဒေအရ အရေးယူ ခံရမည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

No comments: