Tuesday, November 04, 2008

တရုတ်နိုင်ငံရှန်ဇီးပြည်နယ်တွင် ကျောက်မီးသွေးတွင်းပေါက်ကွဲမှုဖြစ်


တရုတ်နိုင်ငံ ရှန်ဇီးပြည်နယ် ရောင်တူးကျောက်မီးသွေးတွင်းတွင် တနင်္ဂနွေနေ့က ပေါက်ကွဲမှုဖြစ်ပွား၍လုပ်သား ၂၄ ဦး သေဆုံးပြီးလျှင် အခြားသူ ၂၀ ဦးမှ ပျောက်ဆုံး လျက်ရှိသည်ဟု နိုင်ငံပိုင် သတင်းဌာနမှကြေငြာသည်။ အချိန်ကြာလာသည်နှင့်အမျှ အဆိပ်ဓါတ်ငွေ့ ပိုမိုထွက်ပေါ်လာသဖြင့် ပျောက်ဆုံးနေသူများ အသက်ရှင်ဖွယ်မရှိသဖြင့် ကယ်တယ်ရေးလုပ်သားများကလက်လျှော့လိုက်ပြီဖြစ်သည်။ မိုင်းတွင်းလုပ်သား ၇ ဦးခန့်သာ အသက်ရှင်လွတ်မြောက်ခဲ့သည်။ (အေအက်ဖ်ပီ)


No comments: