အမေရိကန်သမ္မတဘုရှ်တစ်ယောက် ဖိနပ်နှင့်အပေါက်ခံရသော သတင်းသည် ကမ္ဘာအနှံ့ဟိုးလေး တကျော်ကျော်ဖြစ်ခဲ့သည်။ အမေရိကန်နိုင်ငံသားများအတွက် ခံရခက်သောဖြစ်ရပ်ဖြစ်သည်။ ဖြစ်ပွားခဲ့သည့် နေရာမှာ အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့တွင် အီရတ်နိုင်ငံခေါင်းဆောင် မစ္စတာမာလီကီနှင့် အမေရိကန် သမ္မတမစ္စတာဘုရှ်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် ဖိနပ်ဖြင့် ပစ်ပေါက်ခံရခြင်းဖြစ်သည်။
မစ္စတာဘုရှ်အား ဖိနပ်ဖြင့်ပစ်ပေါက်သူမှာ အီရတ်ရုပ်/သံသတင်းထောက် မွန်တာဇာအယ်လ်ဇေဒီ ဖြစ်သည်။ ၎င်းင်းက အာရပ်ဘာသာစကားဖြင့် ``ခွေး ...ခွေး ´´ ဟုခေါ်ဆိုပြီး ပစ်ပေါက်ခြင်းဖြစ်သည်။ဤဖြစ်ရပ်သည် အီရတ်နိုင်ငံအပေါ် အမေရိကန်တို့၏ ဗိုလ်ကျလွှမ်းမိုးမှုကို လုံးဝဆန့်ကျင်သော လုပ်ရပ်များမှ တစ်ခုဖြစ်သည်။
ကမ္ဘာ့အလယ်အတွင် အီရတ်ပြည်သူတစ်ဦးမှ အမေရိကန်သမ္မတတစ်ဦးအား ဖိနပ်ဖြင့် ပစ်ပေါက်သော အဖြစ်အပျက် လွန်စွာအကျည်း တန်သော လုပ်ရပ်ဖြစ်သော်လည်း အီရတ်အပေါ် အမေရိကန်တို့၏ ဗိုလ်ကျမှုကပို၍ အကျည်းတန်လှသည်။
ယခုအခါ ဆော်ဒီအာရေးဗီးယားမှ အသက်(၆၀)အရွယ်ရှိ Hussan Mohammad Makhafa ကအီရတ်သတင်းထောက် ပစ်ပေါက်ခဲ့သော ရှူးဖိနပ်ကို `` လွတ်မြောက်ရေးဆုတံဆိပ် ´´အဖြစ်သတ်မှတ်ပြီး အမေရိကန်ဒေါ်လာ(၁၀)သန်း ပေးဝယ်မည်ဟု ပြောဆိုလာသည်။ သို့ဖြစ်၍ အမေရိကန်သမ္မတအား ပစ်ပေါက်သော အီရတ်သတင်းထောက်၏ ရှူးဖိနပ်သည် ကမ္ဘာ့ဈေးအကြီးဆုံးဖိနပ်စာရင်းတွင် ထိပ်ဆုံးက ဖြစ်ခဲ့ပြီး သမိုင်းမှတ်တမ်း ကျန်ရစ်ပေတော့ပါမည်။

No comments:
Post a Comment