ဝင်ကြေးငွေကျပ်တစ်သိန်းမှ ငါးသိန်းအထိပေး၍ကြည့်ရသောပြပွဲတစ်ခု ရန်ကုန်မြို့၏ တစ်နေရာတွင် ရှိသည်။ ပြပွဲအမည်မှာ Sexy Show ဟုခေါ်ပြီး မော်ဒယ်နှင့်သရုပ်ဆောင်များ ပါဝင်သည်။ ပြပွဲစတင်သည်နှင့် မပေါ့တပေါ့ အရှက်လုံရုံဝတ်ထားသော အသက် ၂၀အရွယ်အမျိုးသမီးငယ်များ စင်ပေါ်တက်လာပြီး တေးဂီတနှင့်အညီ ကပြကြသည်။ ဗိုက်သား၊ ပေါင်လုံးများကို လှုပ်လျှက် ကပြကြသည်။ စီတန်းကနေရာမှ ဆိုဖာခုံများပေါ်တွင် ထိုင်နေသော ပုရိဿများက အမျိုးသမီးများ၏ ပေါင်ကြား၊ ရင်ကြားသို့ အမေရိကန် ဒေါ်လာရာတန်များ ထိုးထည့်ပေးကြသည်။

အမိမြေမှာရှိတဲ့ မြန်မာအမျိုးသမီးကောင်းလေးများအနေဖြင့် ငွေရလွယ်တဲ့ ကာရာအိုကေ၊ KTV များမှ တဆင့်တက်ပြီး မြန်မာ ယဉ်ကျေးမှုနှင့်မကိုက်ညီတဲ့ ယခုလို Show ပွဲများလုပ်စားလာပါသည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများနဲ့ နိုင်ငံခြားသားများကို ဆွဲဆောင်ရန်အတွက် ရည်ရွယ်လုပ်ကိုင်နေခြင်းဖြစ်ပြီး အမေအိမ်ကို ပြန်ရောက်ရင် အဖေါ်လိုနေသူများအတွက် ဆက်သွယ်နိုင်ပါကြောင်း ......။

No comments:
Post a Comment