NLD ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုသည့်အပိုင်းနှင့် ရွေးကောက်ပွဲမ၀င်လိုသည့်အပိုင်း (၂)ပိုင်း ကွဲနေကြောင်း၊ DPA (DeutschePresse-Agentur GmbH) နိုင်ငံခြား သတင်းထောက်မှ ရေးသားထားသည်မှာ မှားယွင်းနေကြောင်း ဦးဝင်းတင်မှ ရှင်းလင်းချက် ထုတ်ပြန် ထားရှိပါသည်။

၎င်းရှင်းလင်းချက်တွင် DPA နိုင်ငံခြားသတင်းဌာနများနှင့် ပြည်တွင်းမှ သာကီနွယ် အင်တာနက် သတင်းဌာနတို့ ပူးပေါင်း၍ လုပ်ကြံဖန်တီးသည့် သတင်းများအတွက် ဦးဝင်းတင်အနေဖြင့် မကျေမနပ်ဖြစ်နေပါသည်။ NLD ပါတီတွင် ဦးဝင်းတင်အား ထောက်ခံသော လူငယ်များမှ နားလည်မှုလွဲမည်ကို စိုးရိမ်နေပြီး၊ DPA သတင်းဌာနမှ ရေးသားခဲ့သည့် သတင်းအမှား အတွက် အရေးယူဆောင်ရွက်ပေးရန်မြန်မာနိုင်ငံ၊ နိုင်ငံခြားသတင်းထောက်များအသင်းသို့ (၁၀-၁၂-၂၀၀၈) ရက်နေ့တွင် ဦးဝင်းတင်မှ စာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

No comments:
Post a Comment