ကမ္ဘာပေါ်တွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံစစ်မက်ဖြစ်ပွားခြင်းမရှိဘဲ အေးချမ်းချစ်ကြည်စွာ နေထိုင်နိုင်ကြမှ သာ အေးချမ်းသာယာသော ကမ္ဘာကြီးဖြစ်လာပေမည်။ စစ်မက်ဖြစ်ပွားနေကြသော နိုင်ငံများတွင် လူသားများ အသက်ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် လူစဉ်မမှီဖြစ်ရခြင်း၊ ငွေကြေးဆုံးရှုံးခြင်း၊ လူနေအိမ်၊ မြေ၊ တိုက်၊ ကား၊ အဆောက်အဦးများပျက်စီးရခြင်းစသော ဆိုးကျိုးများသာ ပေါ်ပေါက်လျက်ရှိပါသည်။
အီရတ်နှင့်အမေရိကန်တို့၏ဖြစ်စဉ်တွင်လည်း ထိုနည်းလည်းကောင်းအတိုင်းသာ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ အမေရိကန်စစ်သည်သေဆုံးသူ ၄၂၂၁ ဦး၊ ဒဏ်ရာရသူ ၂၅၇၁၂ ဦး၊ အမေရိကန်ကြည်းတပ် စစ်ယာဉ်မျိုးစုံ ၈၈၅ စီး၊ လေတပ်လေယာဉ်မျိုးစုံ ၁၄၃ စီး ဆုံးရှုံးသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်သည်။ အမေရိကန်ကဲ့သို့ အီရတ်စစ်သား ၈၆၄၈ ဦး၊ အရပ်သား ၅၇၁၇၆ ဦး သေဆုံးခဲ့သည်မှာလည်း စစ်မက်ဖြစ်ပွားခြင်း၏ အနိဌာရုံများဖြစ်ပေသည်။

No comments:
Post a Comment