Thursday, December 04, 2008

ဥရောပသံတမန်က အင်အယ်ဒီအား ရွေးကောက်ပွဲဝင်ရန် တိုက်တွန်းခြင်း

DPA သတင်း၊ ၃၀-၁၁-၀၈

အီတလီနိုင်ငံခြားရေးဝန်ကြီးဌာန အာရှ-ပစိဖိတ်ဌာနအကြီးအကဲ Attilio Massimo သည် သောကြာနေ့ တွင် အီတလီသံအမတ်ကြီး၏ နေအိမ်၌ ဦးဝင်းတင်အပါအ၀င် အင်အယ်ဒီ ထိပ်တန်းအဖွဲ့ဝင်များနှင့် ၂နာရီကြာမျှ တွေ့ဆုံဆွေးနွေးသည်။ Attilio Massimo က ၂၀၁၀ခုနှစ် ရွေးကောက်ပွဲများတွင် အင်အယ်ဒီ အနေဖြင့် ထပ်မံအောင်ပွဲခံနိုင်သည့် အလားအလာရှိကြောင်း၊ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံသင့်ကြောင်း၊ ယခုအခါ တပ်မတော်သည် အစိုးရ၏ ၁၀၀% ကို ရယူထားပြီး ၂၀၁၀ခုနှစ်ပြီးလျှင် ၂၅%သာ ရယူထား မည်ဖြစ်၍ လက်ရှိအခြေအနေထက်များစွာပိုမိုကောင်းမွန်ကြောင်း၊ အင်အယ်ဒီကသာ ရွေးကောက်ပွဲတွင် ပါဝင်အရွေးခံမည်ဆိုပါက နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။
ဦးဝင်းတင်က ရွေးကောက်ပွဲအတွက် အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း၊ ၂၅%ဆို သည်မှာ အပြောမျှသာဖြစ်ပြီး လက်တွေ့တွင် တပ်မတော်ကသာ အုပ်စီးထားမည်ဖြစ်ကြောင်း၊ အင်အယ်ဒီ အတွင်းမှာလည်း ရွေးကောက်ပွဲကိုချဉ်းကပ်ပုံ ၂မျိုးဖြစ်နေကြောင်း၊ အချို့က ၀င်ရောက်ယှဉ်ပြိုင်လိုပြီး အချို့က ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုလိုကြောင်း ပြောကြားသည်။ အင်အယ်ဒီအနေဖြင့် ရွေးကောက်ပွဲ ၀င်မည် မ၀င်မည်ကိုမူ ဦးဝင်းတင်က ပြောကြားခြင်း မပြုပါ----------------------

No comments: