Thursday, December 04, 2008

အီတလီ သံအမတ်ကြီးမှ NLD အား ရွေးကောက်ပွဲဝင်ရန် တိုက်တွန်း



၃ - ၁၂ - ၀၈

ပြည်ပနိုင်ငံများကပါ မြန်မာနိုင်ငံ ၏တည်ဆဲ အစိုးရ ဆောင်ရွက်နေသော လမ်းပြမြေပုံ ကို နားလည် သဘောပေါက်လာပြီး နောက်ပိုင်း ပြည်တွင်းမှ ၀ါရင့် အတိုက်အခံ နိုင်ငံရေး အင်အားစုကြီး တစ်ရပ်ဖြစ်သော NLD ပါတီကို 2010ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အားပေးခဲ့သော်လည်း ခေါင်းမာ သည့် အဖွဲ့ဝင်များမှ (၉၀)ပြည်နှစ် ရလဒ်အား စွဲကိုင်ထားပါသည်-------------

အသက်မ၀င်တော့ သော (၉၀) ရလဒ်ကို သုံးသပ်မိသော ရွေးချယ်ခံ ကိုယ်စားလှယ် အချို့နှင့် တက်သစ်စ လူငယ်အဖွဲ့ဝင်များမှ သဘောတူခြင်းမရှိခဲ့ပါ။ ဦးဝင်းတင် ကိုယ်တိုယ်က ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်လိုတဲ့ ဆန္ဒများရှိနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပါက ၀င်ရောက်ယှဉ်ပြိုင်လိုကြောင်း ပြောကြားလာပါတယ်။ တစ်ထစ်လျှော့လာတဲ့ သဘော ဖြစ်ပါတယ်။ ဦးဝင်းတင် ၏ သဘောတရားများကို ထောက်ခံနေသော ခင်ထွန်း ဦး စီးလူငယ်အဖွဲ့ဝင်များမှလည်း ဦးဝင်းတင် ကို အထောက်အပံ့ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် ၄င်းတို့နှုတ် ထွက် လူုငယ်များ စုစည်းပြီး ရုံးခမ်းတစ်ခန်းဖွင့်လှစ်သွားရန် နှင့် ပုံမှန်အစည်းအဝေးများ ပြုလုပ်ပြီး နိုင်ငံရေး လှုပ်ရှားမှုများဆောင်ရွက်ရန် ပြင်နေပြီ ဖြစ်ပါသည်။ ထိုအဖွဲ့ကို ဦးဝင်းတင်မှ နောက်ကွယ်မှ ကြိုးကိုင်ကာ ၂၀၁၀ ရွေးကောက်ပွဲ နီးလာပါက ရှေ့တန်းကျကျ ဦးဝင်းတင် ကွပ်ကဲမှုများ လုပ်သွားမှာ ဖြစ်ပါသည်။

ဒေါ်စုကြည် မလွတ်မြောက်သေးသ၍ ဦးအောင်ရွှေသည် ၄င်း၏ ညွှန်ကြားချက်များအတိုင်း ပါတီဝင်များလိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားထားသောလည်း ဦးဝင်းတင် ထောင်မှ ထွက်လာပြီးနောက်ပိုင်း ဦးဝင်းတင် နောက်သို့ ပါသွားသော ပါတီဝင်များကို ပြန်လည်စည်းရုံး၍ မရတော့ကြောင်း၊ ၂၀၁၀ ခုနှစ် ဇန်န၀ါရီ လ တွင် တော့ ပါတီ သည် ၂ ပိုင်းကွဲကာ တစ်ပိုင်းသည် မတရား အသင်း ဖြစ်သွားကာ ၊ ကျန်တစ်ပိုင်းသည် အတိုက်အခံ ပါတီအဖြစ် ဆက်လက်ရပ်တည်သွားနိုင်ကြောင်း သုံးသပ်မိပါသည်။
အကျယ်ဖတ်ရန်

No comments: