စောလှမောင်
၎-၁-၂၀၀၉
ကရင်လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၆)လက်အောက်ခံတပ်ရင်း(၁၀၃)တပ်ဖွဲ့များအခြေပြုထားတဲ့တောင်ကုန်းများကို တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် ဒီကေဘီအေနဲ့ စစ်အစိုးရတပ် ပူးပေါင်းပြီး ဇန်န၀ါရီလ (၂)၊ (၃)ရက်နေ့များတွင် ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။
၂၀၀၉ ခုနှစ်ရဲ့ ပွဲဦးထွက်တိုက်ပွဲဖြစ်နေရာကတော့ ဝေါလေတောင်ဘက်၊ အုန်းဖန်မြို့အနီး မြန်မာနယ်စပ် ကလော့ထော့နားမှာဖြစ်ပြီး ဇန်န၀ါရီလ(၂)ရက်နေ့ နေ့လည်မှ ဇန်န၀ါရီလ(၃)ရက်နေ့ မနက်ပိုင်းအထိ လက်နက်ကြီးသံများ ကြားရပါ သည်။ KNU ဘက်မှထုတ်ပြန်ချက်အရ DKBA (၄)ဦး ဒဏ်ရာရရှိသွားကြောင်း သိရှိရပြီး၊ စစ်အစိုးရနှင့် ပူးပေါင်းတိုက်ခိုက် ခဲ့သည့် DKBA သတင်းများအရ KNU ဘက်မှ အလောင်း(၄)လောင်း၊ လက်နက်ငယ်(၃)လက်၊ လမ်းလျှောက်စကားပြောစက်(၂)လုံး၊ မိုင်းမျိုးစုံနှင့် ခဲယမ်းများ၊ လူနေတဲများ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ အထိနာ သွားတဲ့ KNU တပ်ရင်း(၁၀၃) မှ DKBA အပေါ် အခဲမကြေဖြစ်နေကြောင်းနှင့် တပ်မဟာ(၆)နယ်မြေအတွင်း စစ်အစိုးရတပ်များလှုပ်ရှားမှု များပြားနေပြီး KNU အတွင်း သဘောထားကွဲလွဲမှုများရှိနေကြောင်း သတင်းများဖြစ်ပေါ်ခဲ့ပြီးနောက် စစ်အစိုးရတပ်များ တိုက်စစ် အရှိန်မြှင့်လာကြောင်း ထိုင်းစစ်ဖက် သတင်းရပ်ကွက်မှ သုံးသပ်ထားရှိပါသည်။

No comments:
Post a Comment