Thursday, January 22, 2009

ရင်ချင်းဆက်အမွှာ မွေးဖွား

မြန်မာနိုင်ငံ မှာ အေးအေးငြိမ်း၊ အိအိငြိမ်း ရင်ချင်းဆက်အမွှာ မွေးဖွားပြီး တတိယမြောက် ရင်ချင်းဆက်အမွှာ ကို ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်ကျေးရွာမှ မဘောက်မိုင် က ရင်ချင်းဆက်အမွှာ ယောက်ျားလေး ၂ ဦးကို ယခုလ ၁၉ ရက်နေ့က မွေးဖွားခဲ့တယ်။အသက် ၂၁ နှစ်အရွယ် ကချင်အမျိုးသမီး မဘောက်မိုင်သည် ရင်ချင်းဆက် အမွှာလေးကို မုံးပေါ်ကျေးရွာဆေးရုံတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး မူဆယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ထိုမှတဖန် ယနေ့မွန်းလွဲတွင် လားရှိုးဆေးရုံသို့ မိခင်ရော၊ ကလေးပါ လွှဲပြောင်းလိုက်သည်။


''မွေးတာက မုံးပေါ်ရွာက ဆေးရုံလေးမှာ မွေးတယ်။ ရင်ချင်းဆက်အမွှာ ယောက်ျားလေး ၂ ဦး ဒီနေ့ မူဆယ်ဆေးရုံကို ရောက်လာတယ်။ ဒီမှာတော့ ပစ္စည်းတွေဘာတွေ မပြည့်စုံတော့ တခြားဆေးရုံ ပြန်သွားမယ်ထင်တယ်။ အမေရော ကလေး ၂ ယောက်စလုံး ကျန်းကျန်း မာမာပဲလို့ သိရတယ်'' ဟု ဒေသခံတဦးကပြောခဲ့ပါတယ်။ မူဆယ်ဆေးရုံ ၀န်ထမ်းတဦးကလည်း ရင်ချင်းဆက်အမွှာ မွေးဖွားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုသည်။မြန်မာနိုင်ငံတွင် ယခုလို ရင်ချင်းဆက်အမွှာ မွေးဖွားမှုကို တတိယအကြိမ်မြောက် ကြားသိရခြင်းဖြစ်သည်။ ယခင်က မနန်းစိုး-မနန်းစံ၊ အေးအေးငြိမ်း-အိအိငြိမ်း အမည်ရသည့် ရင်ချင်းဆက် သမီးအမွှာလေးများကို မွေးဖွားခဲ့သေးသည်။

No comments: