Thursday, January 22, 2009

သတင်းစာဆရာကြီး ဦးဝင်းတင်၏နိုင်ငံရေးလှုပ်ရှားမှု


သတင်းစာဆရာကြီး ဦးဝင်းတင် စစ်အစိုးရအကျဉ်းထောင်မှလွတ်လာပြီးနောက်ပိုင်း နိုင်ငံရေး လှုပ်ရှားမှုများကို အသက်အရွယ်နှင့် မလိုက် အပင်ပန်းခံဆောင်ရွက်နေခြင်းများကို ပြည်တွင်းရှိ NLD ပါတီဝင်များမှ အထူးလေးစားလျက်ရှိပြီး နိုင်ငံတကာရောက်နိုင်ငံရေး သမားများ မှလည်း ထောက်ခံအားပေးလျက် ရှိပါတယ်။ ( ကိုဇော်ဇော် -- အခုမှ တင်ပေးရလို့ (2)ရက်လောက်နောက်ကျသွားတယ် Sorry ဗျာ !!)

ဆရာကြီး ဦးဝင်းတင် အနေဖြင့် နိုင်ငံရေးအရ အဖက်ဖက်မှ ယိုယွင်းကျဆင်းနေသော NLD ပါတီကို အသက်ပြန်သွင်းနိုင်ရန်နှင့် စည်းလုံးညီညွတ်မှုပြိုကွဲနေသောလူငယ်များကို လမ်းညွှန်မှု ပေးနိုင်ရန်အတွက် လူငယ် လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့မှ စိတ်ဓာတ်ပြင်း ထန်သော ကိုအေးထွန်း၊ ကိုဘမောင် တို့ကို ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးလှုပ်ရှားရန် တာဝန်ပေးအပ်ထားကြောင်းသိရှိရပါတယ်။ နိုင်ငံတကာ Image ပြည်လည်မြင့်တက် လာစေရန်အတွက် ဆရာကြီး ဦးဝင်းတင်ဟာ ဘီဘီစီ၊ ဗွီအိုအေတို့မှာ မကြာခဏ တွေ့ဆုံ အင်တာဗျူးလုပ်ပြီး သူ့ရဲ့ခိုင်မာတဲ့ နိုင်ငံရေးအယူအဆ တွေကိုပြောဆိုထုတ်လွှင့်လျက် ရှိပါသည်။ ဒါ့အပြင် လူထုတိုက်ပွဲအသွင် ပြည်တွင်းရှိလူတန်းစားအလွှာအသီးသီးပါဝင်သော လှုပ်ရှားမှုကြီးတစ်ခု ဖြစ်ပေါ် လာစေရန် ယခင်အဆက်အသွယ်အဟောင်းများအား စုစည်းမှု ပြုလုပ်ဖို့ မနားမနေ လိုက်လံတွေ့ဆုံနေတာလဲ အတော်ခရီးရောက်နေပြီဖြစ်ပါသည်။ စစ်အစိုးရ၏ အဓိကမိတ်ဆွေကြီး တရုတ်နိုင်ငံနှင့် ဆက်သွယ်ရေး လမ်းကြောင်းများ လျှို့ဝှက်ထားရှိနိုင်ရန်အတွက် ဒေါ်လှကျော်ဇောနှင့် ရဲဘော် ဖိုးသံချောင်း တို့ကိုလည်း ပုံမှန်ဆက်သွယ်မှုပြုနေနိုင်ပါတယ်။ ဘဘ၏ လတ်တလောလှုပ်ရှားမှုများကို NLD ခေါင်းဆောင်ပိုင်းမှ စိုးရိမ်ပူပန်မှုရှိနေပါသည်။

No comments: