အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုအနေဖြင့် ဒီမိုကရေစီရရှိရေးအတွက် မိမိကိုယ်ကျိုးကို မငဲ့ကွက်ဘဲ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် နေသည်ကို နိုင်ငံတကာမှ အသိအမှတ်ပြုပါသည်။ အန်တီစု ကဲ့သို့သော ထူးချွန်ထက်မြတ်သောသူမျိုး သည် ရာစုနှစ်တစ်စု တွင်တစ်ဦးသာ ပေါ်ထွန်းခဲသူမျိုးဖြစ်ပါတယ်။ မြန်မာပြည်သူများသာမက နိုင်ငံတကာကပါ ယုံကြည်ကိုးစားခြင်း ခံရသော သူလည်းဖြစ်ပါ တယ်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ရလဒ်ကိုပဲ ပြန်ကြည့်ပါ ။ ကမ္ဘာ့သမိုင်းမှာ ဘယ်တုန်းကမှမရှိခဲ့ဘူးတဲ့ ထောက်ခံမဲပေးမှုများနဲ့အားလုံး ကိုကျော်ဖြတ်ပြီး အနိုင်ရယူခဲ့တာပါ။ ခြွင်းချက်မရှိ ယုံကြည်ကိုးစားထိုက်သူပါ။
ယခုလည်းနေအိမ်အကျယ်ချုပ်နဲ့ နှစ်ပေါင်းများစွာ နေရပေမဲ့ မယိမ်းမယိုင်ဘဲ မြန်မာပြည်ကြီး ဒီမိုကရေစီရရှိရေးအတွက်မဆုတ်မနစ် သောဇွဲလုံ့လနဲ့ ကြိုးပမ်းနေရှာသူတစ်ဦးဖြစ်ပါတယ်။ အန်တီစု ဟာ မြန်မာ့ဒီမိုကရေစီထွန်းကားရေးအတွက် ဘုရားသခင်ရဲ့အလိုတော်ကျ မွေးဖွားလာရသူတစ်ဦးပါ။
လစဉ်ပြုလုပ်တဲ့ မိတ္ထီလာမြို့ နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စုံညီအစည်းအဝေးနဲ့ ပတ်သက်ပြီး ဒေါ်မြင့်မြင့်အေး ပြောတဲ့ အဖွဲ့ချုပ်ဗဟို ဘယ်လမ်းသွားမလဲ ဆိုတဲ့မေးခွန်းမျိုးကို အန်တီစု များကြားရင်ဘယ်လောက်များ ရင်နာလိုက်မလဲ။ ဗဟိုမှာရှိတဲ့ ဒီလူလောက်နဲ့ အလုပ်နဲ့ကတော့ အင်အားမပါဘူးဆိုပဲ။ပြောရရင်လည်း ကိုယ့်ပေါင်ကိုလှန်ထောင်းသလိုဖြစ်အုံးမယ်။ အီးစီ အဖွဲ့ ဖွဲ့ထားပြီး ဒီမိုကရေစီအရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတာ အားလုံးအသိပဲဖြစ်ပါတယ်။ အခုလို အရေးကြီးနေတဲ့အချိန် မှာအချင်းချင်းသွေးစည်းညီညွတ်ကြဖို့က အလွန်အရေးကြီးပါတယ်။ မြို့ နယ်အဆင့်ကတောင် ဗဟိုကို မထေမဲ့မြင်သဘောမျိုးလေးတွေ တွေ့လာရတော့ စိတ်မကောင်းဖြစ်မိတယ်ဗျာ။ အီးစီအဖွဲ့အနေနဲ့ ဒီကိစ္စကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်လို့ လည်းမျှော်လင့်ပါတယ်။ ကျွန်ပ်တို့ ရဲ့ ပန်းတိုင်ဟာ မဝေးတော့ပါဘူး။ ရွှေလက်မြဲမြဲခိုင်ခိုင်တွဲပြီး ဆက်လက်တိုက်ပွဲဝင်ကြပါစို့ လို့ တိုက်တွန်းလိုက်ပါတယ်။

No comments:
Post a Comment